Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, November 26, 2010

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ


Freedom News Group မှ.......
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား ကုလသမဂ္ဂ လက်အောက်ခံနိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကိုလက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က  New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း ခန်းတွင် ပြောဆိုလိုက်သည်။



ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်းပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေး အရဘာပြဿနာမှမရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။

ထို့အပြင် ဆက်လက်၍ သူမက နိုင်ငံတကာက မြန်မာ့အရေးကို ထောက်ခံသူများ ပြောဆိုနေကြသောအစိုးရအပြောင်းအလဲနှင့် ပတ်သက်၍ လည်း သဘောမတူ ကြောင်းပြောဆိုခဲ့သည်။ “အခြေခံတန်ဖိုးပါပြောင်းမှ ဖြစ်မှာပါ။ အခြေခံတန်ဖိုး မပြောင်းသေးလျှင် အစိုးရတွေ တစ်ခုပြီး တစ်ခုပြောင်းလဲသော်ငြားလည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ အစိုးရအပြောင်းအလဲဆိုတာယာယီသဘောပါ။ အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာ ပြောင်းလဲစေချင်တာပါ´´ ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့ပါတယ်။

US Campaign for Burma၊ Burma Campaign UK။ Burma Democratic Concern နှင့်Burma Partnership တို့ကဲ့သို့သော ပြည်ပရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက မြန်မာစစ်ဗိုလ်ချုပ် ကြီးများကို နိုင်ငံတကာ ခုံရုံးသို့ ပို့ဆောင်နိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီးယခု နောက်ဆုံးအနေနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး ကော်မရှင်Commission of Inquire (CoI) ကိုဖွဲ့စည်းရန် အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။  အဆိုပါ CoI ကို အနောက်နိုင်ငံတချို့ကသာ ထောက်ခံ ခဲ့ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့်ဂျာမနီ နိုင်ငံတို့က မထောက်ခံနိုင်ကြောင့် တရားဝင် ပြောဆိုထားသည်။

No comments:

Post a Comment