Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, November 25, 2010


ဘုရားသုံးဆူတွင် ညမထွက်ရ

“နအဖ က ည ၈ နာရီ နံနက် ၅နာလုံးဝသွားလာခွင့်မပြုဘူး။ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”

သန်းထိုက်ဦး Wednesday, 24 November 2010 18:31
ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၌ လုံခြုံရေး အကြောင်းပြ၍ ဒေသ အာဏာပိုင်များက ယမန်နေ့က စတင်ပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အာဏာပိုင်များက ည ၈ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် မြို့ထဲတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာထား ကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ဘုရားသုံးဆူမြို့မှာ အမိန့်ထုတ်ထားတယ် စစ်သားတွေက၊ ည ၈ နာရီ လုံးဝသွားလာခွင့်မပြုဘူး။ ကျနော်တို့ အရပ်သားတွေ သွားလာလို့ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”ဟု ၎င်းက ဆိုသည်။

ညပိုင်းတွင်လည်း စစ်သားများနှင့် ရဲ တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။ ယင်းသို့ ညမထွက်ရ အမိန့် ထုတ်သည့် အကြောင်းအရင်းကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ယခုတပတ် တနင်္လာနေ့က ဘုရားသုံးဆူမြို့ဈေးကြီးကို မီးရှို့ရန် စီစဉ်နေသည်ဟု ယူဆရသော လူစိမ်း ၃ ဦးကို အာဏာပိုင် များက လိုက်လံဖမ်းဆီးခဲ့ရာ လွတ်မြောက်သွားသည့်အတွက် ညမထွက်ရ အမိန့်ထုတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ယခုအခါ ဘုရားသုံးဆူမြို့၌ ပစ်ခတ်မှုများ မရှိသော်လည်း အနီးဝန်းကျင် ဒေသတ၀ိုက်တွင် စစ်အစိုးရက အရှေ့ တောင်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(စကခ) လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် တိုးချဲ့ချ ထားကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ တို့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရတပ်များ တိုးချဲ့ချထားခြင်း ဖြစ်သည်။

လက်ရှိ ဘုရားသုံးဆူမြို့၏ အခြေအနေမှာ ပို၍တည်ငြိမ်လာပြီဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။ သို့သော် ဒေသခံများကမူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) နှင့် DKBAတို့ ပူးတွဲ၍ စစ်အစိုးရတပ်များအား ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

ထို့အပြင် သစ်ခုတ်လုပ်ငန်းနှင့် ပရိဘောဂ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်နေကြောင်း၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမတက်ဘဲ နေကြရကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။





ဧရာဝတီ မှ တဆင့် ကူးယူဖော်ပြသည်။

No comments:

Post a Comment