Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, November 12, 2010

စစ်ပွဲစတင်ရခြင်းအကြောင်းက မဲပေးရေးအတွက် လက်နက်အားကိုးနဲ့  အကျပ်ကိုင်ခြိမ်းခြောက် ခြင်းကစ



DKBA ဗိုလ်မှူးကြီး စောလားပွယ်

“စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်း အကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲ မပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီ မှာ ကျနော်တို့ တပ်တွေ နေရာစယူခဲ့ရခြင်း ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောလားပွယ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆို ထားသည်။

ဗိုလ်မှူးကြီး စောလားပွယ်က ၎င်း အနေဖြင့် ထိုင်းစစ်တပ်က ကြားဝင် စေ့စပ်ပေးမှုကနေ နုတ်ထွက် ခဲ့ကြောင်း၊ စစ်အစိုးရ အာဏာပိုင်များကိုလည်း မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များတွင် ရှိသည့် စစ်အစိုးရ တပ် များကို စစ်ကူ မပေးရကြောင်း၊ ၎င်း၏ တပ်ဖွဲ့ဝင်များကို အပစ်အခတ် မလုပ်ရန် အမိန့်ပေးထားသော်လည်း အစိုးရ တပ်များက စတင် ပစ်ခတ်လာလျှင် ပြန်ပစ်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

နောက်ဆုံး သတင်းများအရ မြ၀တီမြို့ဘက်မှ ဆုတ်ခွာလာသော ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိနေကြောင်း၊ နအဖ စစ်ကူတပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူ ရှိရာသို့ ဦးတည် လာနေ ကြောင်း သိရှိရသည်။

ဧရာဝတီ သတင်းကို စုစည်းတင်ပြသည်။

No comments:

Post a Comment