Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်လွတ်ပါပြီ

ဒေါ်အောင်ဆန်းစုကြည်အမှာစကားပြောကြားနေ ပုံ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြား နေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်း ဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။


၈အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီ ဖြစ်သည်

ပေးပို့ သူ ရန်ကုန်မှ အမည်မဖော်လိုသူ အားအထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment