Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ (ဂျပန်) သဘောထားထုတ်ပြန်ချက်

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ၁၃ ရက်နေ့ တွင် လွတ်မြောက်ပြီဖြစ်၍ ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါသည်။
အနှစ်၂၀ကျော်အတွင်းတွင် ၁၅ နှစ်ကျော် အကျဉ်းကျခံထားရပြီးနအဖ စစ်အစိုးရမှ ပြည်သူလူထု နှင့် သူမ အဆက်အသွယ်ပြတ်တောက်စေရန် နည်းမျိုးစုံ နှင့် ကြိုးစားခဲ့ပါသည်။ သို့ ရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူလူထု၏ ထောက်ခံအားပေးသံများကို မိမိ၏နေအိမ်အတွင်းမှ ရေဒီယို မှ တဆင့် အမြဲတမ်းကြား သိနေခဲ့ပါသည်။ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ထောက်ခံအားပေးမှု အသံများကိုလည်း ရေဒီယို မှ တဆင့် အမြဲတမ်းနားထောင်ခဲ့ပါသည်။ နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၁၄ ရက်နေ့ တွင် ပထမဦးဆုံး မိန့် ခွန်းပြောကြားရာတွင် ပြည်သူလူထု တစ်သိန်းကျော် အပြည်အ၀ ထောက်ခံ အားပေးခဲ့ပါသည်။ သူမ၏ မိန့် ခွန်းထဲ တွင် စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တစ်ဦးတစ်ယောက်တည်း၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ နိုင်ငံရေးတည်ဆောက်၍ မရကြောင်း၊ ပြည်သူလူထု တရပ်လုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အလေးအနက်ပြောကြားသွားပါသည်။ ထို့ ကြောင့် ပြည်သူလူထု တရပ်လုံး၏ ထောက်ခံအားပေးသံကို ပိုမို ၍ ကြားသိစေရန် လိုအပ်လှပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသားမျာအဖွဲ့ ကေအဲန်ယူ (ဂျပန်) အင်အားစုများ အားလုံးမှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ကြောင်း၊ ဆက်လက်ပြီး ဒီမိုကရေစီ ရရှိသည်အထိ တစိတ်တ၀မ်းတည်း တက်ညီလက်ညီ ပြိုင်တူ တွန်းလှန်ကြမည်ဆိုပါက လက်ရှိနိုင်ငံရေး အကြပ်အတည်းများကို ကျော်လွှာ လွန်မြောက်ခါ အပြီသတ်ကိုင်တွယ်ဖြေးရှင်နိုင်လိမ့် မည်ဟု ကေအဲန်ယူ (ဂျပန်) ကရင်အမျိုးသားအစည်းအရုံးမှ ယုံကြည်ပါကြောင်းအလေးအနက်ဖော်ပြအပ်ပါသည်။


ကရင်အမျိုးသားအစည်းအရုံး
ကေအဲန်ယူ(ဂျပန်)

No comments:

Post a Comment