Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, November 15, 2010

ကျနော်...အကြိုက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောစကား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာလာချင်းပဲ ခြံဝမှာ စောင့်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို ကျေးဇူးတင်စကား ပြောကြားရင်း ညီညွတ်ရေးနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရေး စကားတွေကို ပြောကြားခဲ့ပါတယ်။

(Photo: AFP)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)

အာအက်ဖ်အေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတချို့ကို မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါတယ်။


“အဲဒီတော့ အခု ဒီအချိန်မှာ ပြောချင်တာက အသံဆိုတာ ထွက်ရမယ့် အချိန်ရှိတယ်၊ မထွက်ရမယ့် အချိန်ရှိတယ်။ အခုအချိန်မှာ နည်းနည်းလေး မထွက်ဘဲ နေရင် ပြောတာကို ကြားရတာပေါ့။ ထွက်ရမယ့် အချိန်ကျမှ တိတ်တိတ်လေး မနေကြနဲ့နော်။


(လူထုအသံ- မနေပါဘူး၊ စိတ်ချပါ)


အဲဒီတော့ အခု ဒီလို လာပြီးတော့ အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ အနောက်က လူတွေ မကြားရလို့ရှိရင်လည်း နောက်ကျရင် အရှေ့က လူတွေက ပြန်ပြောအုံးမှာပေါ့ နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတတဲ့စိတ် ထားကြမှပေါ့။ အဲဒီတော့ အရှေ့ကလူတွေကလည်း အနောက်ကလူတွေကို ငဲ့ပြီးတော့ တိတ်တိတ်နေမယ်။ အမယ်လေး၊ စစချင်း တခါတည်းကို နိုင်ငံရေး သင်ခန်းစာ ပေးနေရတာပဲ”


အသံနားဆင်ရန်။

အသံဖိုင်ယူရန်။

RFA မှ တဆင့်ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment