Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, November 6, 2010

၂၀၁၀ ရွေးကောက်ပွဲ ကို မြန်မာ့ ဒီမိုကရေးစီအင်အားစုတို မှ အကြို ဆန္ဒပြပွဲ (ဂျပန်)



လာမည့် (၇) ရက်နေ့ တွင် ကျင်းပတော့မည် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ မြန်မာ စစ် အခွန်ရုံး (သံရုံး)ရှေ့မှာ ယနေ့ နိုဝင်ဘာလ(၆)ရက် မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဆန္ဒပြပွဲအစီအစဉ်ကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ် ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံ အသီးသီးနှင့် တိုင်းရင်းသား အသင်းအဖွဲ့ တို့မှ တာဝန်ခံများက ကန့်ကွက် ပြောကြားခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံသား စုစုပေါင်းဦးရေ ၃၀၀ခန့် နှင့်အတူ မြန်မာ့အရေးကို အားပေး ကူညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။ ဆက်လက်၍ ဆန္ဒပြပွဲကို မနက်ဖြန် (တနင်္ဂနွေနေ့) နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ၊ ဓါတ်ပုံ။ Moe Min Thu (KNU-Japan)

No comments:

Post a Comment