Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, November 12, 2010

မိုင်းရှူးဘက် ရှိ နအဖတပ် SSA တပ်မဟာ ၁ ကို စတိုက်ပြီ

11 November 2010


ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ် တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်း အနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။

ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံ ၀ိုင်းရံ နေတယ်လို့ ဆိုပါတယ်။ နအဖ ဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲ ဖြစ်တယ်။ နှစ်ဘက်စလုံး တပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့ပါတယ်။

ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်း ပြောပြပါတယ်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့် တဆင့် ကူးယူဖော်ပြသည်။

No comments:

Post a Comment