Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, April 11, 2011

ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် KNU(Japan) မိသားစု များမှ စေတနာ အလှူငွေကို ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီ သို့ ပေးအပ်

ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် KNU (Japan) အဖွဲ့ မိသားစု ကိုယ်စား နော်အယ်မှုး မှ ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီ သို့ အဖွဲ့ မိသားစု ထံမှ ကောက်ခံ ရရှိသော  စေတနာ အလှူငွေကို ပေးအပ်ခဲ့ပါသည်။

NDB Thank You Letter for KNU _Japan_
ထိုင်းနိုင်ငံ နယ်စပ်သို့  ထွက်ပြေးတိမ်းရှောင်နေသော ကရင်လူမျိုးများ အတွက် OVERSEAS KAREN ORGANIZATION JAPAN မှ လှူဒါန်းငွေ

Donation for Karen Refugee Peoples

ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဒေသသို့ လုပ်အားပေးသွားရောက်ရန် ဆွေးနွေး




၂၀၁၁၊ဧပြီလ(၁၀)ရက်။

ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ခရိုင်နဲ့ ဒေသတွေမှာ ပြန်လည် တည်ဆောက်ရေးတွေမှာ လုပ်အားပေးနှင့် ဒုက္ခသည်များအား ကျွေးမွေးကူညီရန် အကူအညီ များစွာ လိုအပ်နေကြောင်းကို ကြားသိခဲ့ရသည့်အတွက် ထပ်မှန်ပြီး သွားရောက် လုပ်အားပေးကြရန် ညှိနှိုင်းအစည်းဝေးကို SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ယနေ့ ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။

ညှိနှိုင်း အစည်းဝေးကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan ကျင်းပပြီး ဂျပန်အဖွဲ့များဖြစ်သည့် PFB နှင့် Amnestry International အဖွဲ့မှ တာဝန်ရှိသူများတို့ပါ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အိဝတဲခရိုင်သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ဆက်လက် လုပ်အားပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ သွားရောက်လုပ်အားပေးမည့် အစီအစဉ်များကို မကြာမည်တွင် ကြေငြာသွားမည်ဖြစ်ကြောင်း သိရပါသည်။

 သတင်းမှတ်တမ်း။         ။ Mai Kyaw Oo
 မှတ်တမ်း ဓါတ်ပုံ။       ။ Moe Min Thu

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲ(တိုကျို)

 
မှတ်တမ်း ဓါတ်ပုံ ကြည့်ရန် Click



၂၀၁၁၊ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ရသူများအား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာ သာသနာပြုဆရာမနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ငလျင်စတင်ဖြစ်ပွားခဲ့သည့် အချိန်ဖြစ်သော ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူအားလုံးမှ မတ်တပ်ရပ်ကာ ငြိမ်သက်စွာ ဦးညွတ်ခြင်းကို (၂)မိနစ်တိတိပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှ သော်လည်းကောင်း၊ တစ်ဦးခြင်း အလှူရှင်များ အနေဖြင့်သော်လည်းကောင်း အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်း အလှူငွေ(၁.၄၄၁.၀၀၀)ယန်း လက်ခံရယူခဲ့ပါသည်။ ဧပြီလကုန်ပိုင်းအထိ အလှူငွေများကို လက်ခံရယူသွားမည်ဖြစ်ပြီး ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီမှ ကောက်ခံရရှိသည့် ငွေစာရင်းများကို မကြာမှီတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုရရှိခဲ့သော အလှူငွေများကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်၊Network for Democracy in Burma(NDB)မှ ဦးစီး၍ ကောက်ခံရရှိသည့် မြန်မာနိုင်ငံသားများတို့၏ အလှူဖြစ်ပြီး ငလျင်နှင့် ဆူနာမိ ဒဏ်ခံစားနေရသော နေရာများသို့ မြန်မာများ ကိုယ်စား တိုက်ရိုက် သွားရောက် လှူဒါန်းရန်  အစီအစဉ်များ ပြုလုပ် လျက်ရှိကြောင်း သိရပါသည်။

ဂျပန်အရှေ့မြောက် ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှလည်း  ဝမ်းနည်းခြင်း အထိမ်းအမှတ်တခုကို ပြုလုပ်ခဲ့ရာ  ထိုဝမ်းနည်းခြင်း အခမ်းအနားတွင် ငလျင်နှင့် ပတ်သက်သည့် ဆုတောင်း မေတ္တာပို့ခြင်း၊ အားပေးခြင်း စသည်များကို ရေးသား ဖွဲ့သီခဲ့ကြသော ကဗျာများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေကာ ယနေ့ ဂျပန်နိုင်ငံတွင် ပြုလုပ်သော အခမ်းအနား၌ ရောင်းချ ခဲ့ပါသည်။ ကဗျာစာအုပ် ရောင်းချငွေ စုစုပေါင်းယန်း(၅)သောင်းကို ပြည်တွင်းတို့ ပေးပို့လှူဒန်း သွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်း သိရပါသည်။

ထို့နောက်တွင် အဆိပါ ကဗျာစာအုပ်မှ ကဗျာများကို တစ်ဦးချင်းစီ ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရပါသည်။
 
သတင်းမှတ်တမ်း။ Aye Nandar Aung/ Mai Kyaw Oo 
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum/Moe Min Thu

Sunday, April 10, 2011

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒါန်း



ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းသို့ သွားရောက်ခဲ့ကြသည့် မြန်မာများ

ခရီးစဉ် မှတ်တမ်းဓါတ်ပုံ Click
၂၀၁၁ ခုနှစ် ဧပြီ ၁၀ ရက်။

ဂျပန် ငလျင်ကြီးနဲ့ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း ၉၂ အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည်။
ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လာမည့်အပတ်မှာ ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည်အတွက်  ကျောင်းသန့်ရှင်းရေးများ လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ဒုက္ခသည်များအား ကျွေးမွေးရန် အစီအစဉ်များ လိုအပ်သေးကြောင်းကိုသိရှိရပါသည်။ ငလျင်နောက်ပိုင်းမှာ သွားလာရေးအစဉ်ပြေရန် ကားလမ်းများကို ရှင်းလင်းထားနိုင်ခဲ့သော်လည်း နေအိမ်များ။ အဆောက်အဦများ။ မြေကွက်များ သန့်ရှင်းရေးအတွက် လုပ်အားပေး မြောက်မြားစွာသော် အပျက်အစီးများကို ရှင်းလင်းရန် လိုသေးကြောင်းကို သိရှိခဲ့ရပါသည်။

ငလျင် ဆူနာမိ သတင်းကို နေ့စဉ် မြင်ရကြားရပြီး ဒုက္ခသည်များအတွက် တခုခု လုပ်ခြင်စိတ်ပေါ်လာပြီး APFS ၏ ကိုယ်စားလှယ် KATO san ဆက်သွယ် ကူညီပေးမှုအရ ယခုကဲ့သို့ တိုကျိုမှ ကီလိုမီတာ ၅၅၀ ရှိခရီးစဉ်ကို သွားရောက် လှူဒန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆူနာမိ ရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီး သွားတဲ့ အီဝါးတဲ့ ခရိုင်မှာ ရေ မီး ဂဒ်(စ်) လုံးဝ မရရှိသည့် နေရာ ဖြစ်သည်အတွက် ဦးရေ ၃၀၀ခန့် ချက်ပြုတ်ကျွေးမွေးရန်မှာ အစစအရာရာ အသေးစိတ် ကြို တင်ပြင် ဆင် ဆောင်ရွက် မှုတွေကို ပြုလုပ်ခဲ့ရ ပါသည်။ ယခု သွားရောက် လှူတန်းခဲ့သည့် အလှူရှင်များမှာ ဂျပန်နိုင်ငံ၌ ပညာ သင်ကြားနေသော မြန်မာကျောင်းသားများ ဂျပန်လူမျိုးနှင့် လက် ထပ် ထားသောမြန်မာ များအလုပ်ဗီ ဇာဖြစ်နေ ထိုင်သောမြန်မာ များနှင့်နိုင်ငံရေး ခိုလုံခွင့်နေထိုင်သော   မြန်မာများတို့၏ စုပေါင်း သည့်  အလှူဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့


ဂျပန်နိုင်ငံမှာ မတ်လ (၁၁) ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့် နျူကလီးယား လျပ်စစ်စက်ရုံတွေမှာ အပျက်အစီးတွေဖြစ်ခဲ့ရပြီး၊ နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့တွေ ယိုစိမ့်ထွက်လာခဲ့ရပါတယ်။ ဒီရေဒီယို ဓာတ်သတ္တိကြွမှု့တွေရဲ့  ပမာဏဟာ တဖြည်းဖြည်းများလာပြီး ပတ်ဝန်းကျင်က လေထု၊ ရေထုနဲ့ မြေထုထဲ ပျံနှံကုန်ကာ လူတွေရဲ့  ခန္ဓာကိုယ်ထဲကို စားသောက်တာ၊ အသက်ရှုတာတွေကတဆင့် ရောက်ရှိသွားနိုင်ပါတယ်။

အဲဒီလိုရောက်သွားရင် နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့ ပမာဏပေါ်မူတည်ပြီး  ရေတိုရေရှည်မှာ ဘယ်လိုရောဂါတွေဖြစ်နိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံ ဂျော်ဂျီဂျား (Georgia) ပြည်နယ်၊ အတ္တလန်တာ (Atlanta) မြို့  အဲမ်မိုရီ (Emory) တက္ကသိုလ်ရဲ့  လူထူ့ကျန်းမာရေးကျောင်းက ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဘာသာ ပါမောက္ခ ဂျီမ်းစ်စမစ်သ် (James Smith) ကို ဗွီအိုအေ သတင်းထောက် ကိတ် ဝု့ဒ်စမ် (Kate Woodsome) မေးမြန်းထားတာနဲ့ ဝါရှင်တန်ပို့စ်တ် (Washington Post) သတင်းစာပါ အကြောင်းတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

copy_rights VOA

Saturday, April 9, 2011

လက်နက်ယူ၍ ထွက်ပြေးသည့် တပ်သား နှစ်ဦး ကွပ်မျက်ခံရ


4/9/2011
burmese-army.jpg
Adjust font size:  

-------------
တာကလူး

-------------
မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် ရှေ့တန်း စခန်းမှ လက်နက်ယူ၍ ထွက်ပြေးသူ စစ်သားနှစ်ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီးရမိသည့် နေရာတွင်ပင် ပစ်သတ်လိုက်ကြောင်း စစ်တပ်နှင့် နီးစပ်သူများ၏ ပေးပို့သော သတင်းအရ သိရသည်။


သတ်ဖြတ်ခံရသူ စစ်သားနှစ်ဦးမှာ ဘူသီးတောင် အခြေစိုက် ခမရ (၂၃၃)မှ ဒုတပ်ကြပ် မောင်ဝင်းနှင့် တပ်သား မောင်ဖြူတို့ ဖြစ်ကြောင်း သိရသည်။

၎င်းစစ်သားနှစ်ဦးသည် သူတို့တာဝန်ထမ်းဆောင်ရာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ လက်နက်များ ယူဆောင်၍ ဘင်္ဂလာဒေခ်ျ့ ဘက်သို့ ထွက်ပြေးစဉ် ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။