Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, July 25, 2011

ALD(Exile-Japan) ၏ (၆)နှစ်မြောက် ညီလာခံနှင့် တတိယအကြိမ် အလုပ်အမှုဆောင်သစ် ရွေးကောက်ပွဲ အခမ်းအနား





၂၀၁၁ ခုနှစ် ဇူလှိုင်လ (၂၄)ရက်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ (၆)နှစ်မြောက် ညီလာခံနှင့် တတိယအကြိမ် အလုပ်အမှု ဆောင်ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ Takadanobaba အရပ်ရှိ Seikatsu Center 4F မှာ ယနေ့ ဇူလှိုင်လ ၂၄ ရက် ညနေ ၆း၀၀ နာရီမှ ၈း၃၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ သစ္စာအဓိဌန် ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေားမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည် ။ ဆက်လက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဗဟို) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်မှ ညီလာခံ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီးသည့်နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ၏ ၂၀၀၉ - ၂၀၁၁ အလုပ်အမှုဆောင် အဖွဲ့ လုပ်ငန်း အစီရင်ခံစာကို အထွေထွေအတွင်းရေးမျူး ဦးကျော်သန်းလှိုင်မှ ဖတ်ကြား တင်သွင်းပါသည်။ ရေးရာကော်မတီဝင်များမှလည်း ၂ နှစ်တာ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြား တင်သွင်းသွားခဲ့ကြပြီးသည့်နောက် ၂၀၀၉ - ၂၀၁၁ အလုပ်အမှုဆောင်ဝင်များ ဖျက်သိမ်းကာ ပထမပိုင်း အခမ်းအနား အစီအစဉ် ပြီးဆုံးခဲ့ပါသည်။ ဆက်လက်ပြီး တတိယ အကြိမ်မြောက် ALD(Exile-Japan)၏ အလုပ်အမှုဆောင် ကော်မတီအသစ် ရွေးချယ်ခဲ့ရာ ၂၀၁၁ - ၂၀၁၃ခုနှစ် အတွက် နယက အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် ALD(Exile-Japan) ဥက္ကဌ အဖြစ် ဦးလှအေးမောင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် ဦးပေါ်ထွန်းအောင် ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် ဦးခင်မောင်ထွန်း အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးမောင်မောင်မျိုးလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂) ဦးစိုးနိုင်  တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ရွေးကောက်ပွဲ အခမ်းအနားတွင် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan မှ ရွေးကောက်ပွဲ ကော်မရှင် အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ (၆)နှစ်မြောက် ညီလာခံတွင် ဦးသိန်းစိန် ကြံ့ဖွတ် စစ်အစိုးရမှ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လက်ကိုင်ထားပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီလာခံ တက်ရောက်သည့် အဖွဲ့ဝင်များတို့မှ တညီတညွတ်တည်း ဆုံဖြတ်ခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

No comments:

Post a Comment