Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, July 13, 2011

မြန်မာ့အရေးနှင့်ပါတ်သက်ပြီး ဂျပန်လွှတ်တော်တွင် ကြားနားပွဲပြုလုပ်

၂၀၁၁-၇-၁၂
မြန်မာ့လက်ရှိအခြေအနေနှင့်ပါတ်သက်ပြီး ဂျပန်လွှတ်တော်မှာ မြန်မာ့အရေးဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ၏ KONNO ATSUMA အမတ်မှ ဦးဆောင်၍ မြန်မာ့အရေးကြားနာပွဲ ကို ဂျပန်လွှတ်တော် အဆောက်အဦး ၃ . B1-၁၀၃ ခမ်းမတွင် ကျင်းပခဲ့ပါသည်။ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမို
ကရေစီအင်အားစုများမှ တက်ရောက်ခဲ့ကြပြီး
၁။ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသော မြန်မာစစ်အစိုးရ၏ ထိုးစစ်ဆင်မှု  ၂။မြန်မာစစ်အစိုးရက
မြောက်ကိုရီယားနှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်ပြီး အနုမြူထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ရန် မြောက်ကိုရီးယားမှ နည်းပညာနှင့်ပညာရှင်များခေါ်ယူမှုနှင့်  မြောက်ကိုရီးယားနှင့် ဆက်နွယ်သည့် အထောက်အထားများ   ၃။ ဂျပန်နိုင်ငံသို့  ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများကို နိုင်ငံရေးအတွေ့ အကြုံရရှိရန် ခေါ်ယူ၍လေ့လာခွင့် ပြုမည့်အပေါ် ဂျပန်အစိုးရ၏
လုပ်ရပ်သည် တဖက်သတ်ဆန်လွန်းသည်။ ယခုလို ခေါ်ယူလိုက် သည့်အတွက်  လူ့ အခွင့်အရေးကြီးမားစွာ ချိုးဖေါက်နေသည့် မြန်မာစစ်အစိုးရအား ဂျပန်အစိုးရမှအသိအမှတ်ပြုသည့် သဘောသက်ရောက်နေပြီး။ အာဏာရှင် လက်ဝါးကြီးအုပ် အုပ်ချုပ်နေသည့် မြန်မာစစ်အစိုးရ အတွက်ဖြစ်မည့်  ODA နှင့်ပါတ် သက်ပြီး ပြန်လည်သုံးသပ်ပေးရန်။ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီသည် အတုအယောင်သာဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆွေးနွေးတင်ပြ တောင်းဆိုခဲ့သည်။
 
copy rights_http://nldlajb.blogspot.com/2011/07/blog-post_240.html

No comments:

Post a Comment