မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Sunday, July 31, 2011
အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)
၂၀၁၁ ခုနှစ် ဇူလှိုင်လ (၃၀)ရက်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး အကြပ်အတည်းများမှ လွှတ်မြောက်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် ဆန္ဒပြပွဲ အခမ်းအနားနှင့် ၂၀၀၃ ခုနှစ် မေ(၃၀) ဒီပဲယင်း လုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား ( ၉၈ လ )ပြည့် ဆုတောင်းမေတ္တာ ပို့သသည့် အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံ၌ တရားဥပဒေ စိုးမိုးမှုရှိပြီး ဒီပဲယင်းလို အဖြစ်မျိုး ထပ်မှန် မကြုံတွေ့စေရန်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ အရေးတကြီး လိုအပ်နေကြောင်း၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား အပစ်အခတ် ရပ်ဖို့နဲ့ ကြားဝင် စေ့စပ်ကမ်းလှမ်း အကောင်အထည် ဖော်နိုင်ဆောင်မည့် လုပ်ငန်းများကို ၀ိုင်းဝန်းထောက်ခံ သွားကြရန် တိုက်တွန်း ပြောဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ မိုင်ကျော်ဦး
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment