အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)
၂၀၁၁ ခုနှစ် ဇွန်လ (၃၀)ရက်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေသော  နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်း နေသော အခြေအနေမှ  လွှတ်မြောက်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး  လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ  အခမ်းအနားနှင့် လစဉ်(၃၀)ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံမှုကြီး၌ အသက်ပေးဆပ်  စွန့်လှူခဲ့ကြသူများတို့အား ဆုတောင်းမေတ္တာ ပို့သသည့် အခမ်းအနားကို  တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ  မှ ၄း၀၀နာရီ) အထိ အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ  ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွင် ကြံ့ဖွတ် သိန်းစိန်  အစိုးရမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ရေးနှင့်  ပတ်သက်ပြီး အသိပေးမှု ခြိမ်းချောက်သည့် လုပ်ရပ်အပေါ် NLD နှင့်  အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လှုပ်ရှားမှုကို  ၀ိုင်းရံသွားကြရန် ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ တောင်းဆို  သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက်  မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu










No comments:
Post a Comment