၇၄-အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ် ကျင်းပ
 photo by .. ရှင်ငြိမ်းမယ်
June 6, 2011,
၂၀၁၁  ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမား အရေးအခင်း နှစ်ပတ်လည် နေ့နှင့်   ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနား တခုအား  ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင်  ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့  ၁၉၇၄ အလုပ်သမား အရေးအခင်းနှင့် အဆိုပါ အလုပ်သမား အရေးအခင်း  နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊  ၁၉၇၅-ဇွန်လ အလုပ်သမား နှစ်ပတ်လည် အရေးအခင်း (ခေါ်) ရွှေတိဂုံ အရေးအခင်းနှင့်  ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းတို့တွင်  ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည့်  အလုပ်သမား၊ ကျောင်းသား နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်  အဆိုပါ  နှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီ  ထိန်းသိမ်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုံညီစွာ  တက်ရောက်ခဲ့ကြသည်။ စုစုပေါင်း နိုင်ငံရေး အကျဉ်းသားဟောင်း ၅၀ နီးပါး  တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော  နိုင်ငံရေး အကျဉ်းသားဟောင်းများက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်  လက်ရှိ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီး ထိန်းသိမ်း ခံနေရသော  နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို  ပထမဆုံးနှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် အလေးအနက် ထပ်မံ တောင်းဆိုသည့်  ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်  စုပေါင်း လက်မှတ် ရေးထိုးကြကြောင်း သတင်းရရှိသည်။
ထို့ပြင်  နှစ်စဉ် ဇွန်လ ၆ရက်နေ့ကို ၇၄-၇၅-၇၆ အထိန်းသိမ်းခံ နိုင်ငံရေး  အကျဉ်းသားများနေ့  သတ်မှတ် ကျင်းပသကဲ့သို့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေး  အကျဉ်းသားများ အားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ  နေ့ကို သင့်လျော်သည့် နေ့တနေ့ သတ်မှတ် ကျင်းပသင့်ကြောင်း  အဆိုပြု  တင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါ  အခမ်းအနားတွင် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော အလုပ်သမား နိုင်ငံရေး  အကျဉ်း သားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး  အကျဉ်း သားဟောင်းကြီး များအားထောက်ပံ့ငွေ များပေး အပ်ကြသည့် အပြင်  လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း  ခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက် လည်း  ထောက် ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
Copy from  - naytthit.net











No comments:
Post a Comment