ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို
၂၀၁၁ ခုနှစ် ဇွန်လ(၂၁)ရက်။
မတရား ဖမ်းဆီး ခံနေရသော  ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး  တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး  လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့   ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ  ၄း၀၀ အထိ ကျင်းပ ခဲ့ကြပါသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များ  အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ  ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး  ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား  ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့  နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက်  ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ လစဉ် ၂၁ ရက်နေ့  ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ  ပြုလုပ်ခဲ့ကြပါသည်။
မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့  ဆူနာမိဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာ ထောက်ထား သောအားဖြစ်  နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို  ခေတ္တ ရပ်ဆိုင်းခဲ့ကြပြီးနောက် ယခုတဖန် ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို  ပြန်လည် စတင်ခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်  ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu










No comments:
Post a Comment