အစိုးရတပ်များ အရပ်သားကို လူသားဒိုင်းအဖြစ်သုံး
    KIA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ် နမ်ခမ်းမြို့နယ် အတွင်းရှိ  နန့်လင်းပါနှင့် တွန်ဟုန်းရွာသားများကို တိုက်ပွဲဖြစ်ရာဒေသမှ  စစ်အစိုးရတပ်များက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း  ဒေသခံများက ပြောသည်။ မံခံရွာမှာ ရွာသားလေးယောက်ကိုလည်း သံသယရှိသည်ဟုဆိုကာ  အစိုးရတပ်များက ဖမ်းဆီးနှိပ်စက်ကြောင်းလည်း ရှိရသည်။ စစ်ရေးတင်းမာနေသည့်  ဒေသတွင်းမှ ရွာသားများသည် ထွက်ပြေးလိုကြသော်လည်း အစိုးရတပ်များက  ခွင့်မပြုကြောင်း၊ ရွာသားအချို့က အာဏာပိုင်များကို လယ်ယာလုပ်ငန်းသွားရန်ဟု  အကြောင်းပြကာ လိုင်ဇာသို့ ထွက်ပြေးလာနေကြောင်း လိုင်ဇာမြို့မှ ဒေသခံတဦးက  ပြောသည်။ 
copy rights_http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6629-2011-06-17-08-04-28 










No comments:
Post a Comment