Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, June 6, 2011

အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်




(Unknown Heroes in Burma)-2 http://www.youtube.com/watch?v=ImVJMpY-gyg
(Unknown Heroes in Burma)-3 http://www.youtube.com/watch?v=WTiDajlD6Q0
၂၀၁၁ ခုနှစ် ဇွန်လ (၅)ရက်။


နိုင်ငံရေးအကျဉ်းသား အားလုံး၏ အရေးကိစ္စအား ပိုမို အာရုံစိုက် လာစေရန်နှင့် အညတရ သူရဲကောင်းဆု ချီးမျြင့်ရေး လုပ်ငန်းစဉ်တွင် ပိုမို ပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်၍ အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနား တရပ်ကို ဆုချီးမြှင့်ရေး ကော်မတီက ဦးစီး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Takadanobabaအရပ်ရှိ ShoHi Sekatsu Center 4F၌ ယနေ့ နေ့လည် ၁း၃၀ မှ ၅း၀၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် အညတရသူရဲကောင်းတို့၏ အတ္ထုပတ္တိများအား ဖတ်ကြားပြီးသည့်နောက် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ကျင်းပရေး ကော်မတီကိုယ်စား ဦးမင်းထက်ဇော်မှ ရှင်းလင်း ပြောကြားသွားပါသည်။ အခမ်းအနားသို့ ပေးပို့ လာသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ Video message အား ဖွင့်လှစ် ပြသရာတွင် " နာမည် မပေါ်တဲ့ သူရဲကောင်းများ နာမည် မသိခံခဲ့ကြရတဲ သူရဲကောင်းများ ဆက်ပြီးတော့မှ လုပ်ရဲသည့် သူတွေဟာ အသိအမှတ် ပြုခံရလို့ ဆက်ပြီးတော့ လုပ်ရတဲ သူတွေထက်တောင်မှ ထူးခြားတယ်လို့"ဂုဏ်ပြု ပြောကြားခဲသလို ဆုချီးမြှင့်အောင် စီစဉ် ဆောင်ရွက် ပေးခဲ့ကြသူများကိုလည်း ကျေးဇူး တင်ရှိကြောင်းနှင့် လေးစား ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။ သည်နောက်မှာ ကဗျာများ ရွတ်ဆိုဂုဏ်ပြုခြင်း၊ မှတ်တမ်း Video အားပြသခြင်းများအား ပြသပြီး  တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ တာဝန် ရှိသူများတိုက မိမိတို့၏ အမြင်နှင့် ခံစားချက်များအား အညတရသူရဲကောင်းတို့ကို ထုတ်ဖေါ်၍  ဂုဏ်ပြု ပြောကြား ခဲ့ကြပါသည်။

ဆုချီးမြှင့်ရေး ကော်မတီ အနေဖြင့် ဒီနှစ်အတွင်းမှာပဲ ဒုတိယ အကြိမ်မြောက်အဖြစ် အညတရ သူရဲကောင်း (၅) ဦးအား တာဝန်ယူကာ ဆုချီးမြှင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
ဗီဒီယိုမှတ်တမ်း ။ maungwto

No comments:

Post a Comment