ချောင့်ခက်နေရာမှာ အစိုးရစစ်တပ်မှ အရာရှိတဦး ထွက်ပြေးလွှတ်မြောက်နေ
မြဝတီမြို့တောင်ဘက်  ချောင့်ခက် နေရာမှာ မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကေအန်ယူ ၂၀၁  တပ်ဖွဲ့တွေနဲ့ ကြံ့ဖွတ်အစိုးရ စစ်တပ်တို့ တိုက်ပွဲတွေပွားနေပါတယ်။ မနေ့  မနက် တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ကြံ့ဖွတ်တပ်မှ ဒုဗိုလ် အရာရှိတဦးလည်း  ချောင့်ခက် အနီးဝန်းကျင်မှာ ထွက်ပြေး ပျောက်ဆုံး နေတဲ့အတွက် ကြံ့ဖွတ်တပ်တွေ  အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံ ရွာသားများ ပြောပြချက်အရ  သိရှိရပါတယ်။
“ကျနော်တို့  ရွာလူကြီးတွေကို စစ်တပ်က လိုက်မှာနေတယ်။ ထွက်ပြေး နေတဲ့ အရာခံဗိုလ်  ရွာကိုရောက်ရင် အကြောင်းကြား ရမယ်လို့ မှာတယ်။ တောထဲက အဖွဲ့တွေနဲ့  ထိုင်းနိုင်ငံဘက်ကို ရောက်သွားမှာ စိုးရိမ် နေကြပုံပဲ။ အပူတပြင်း  လိုက်နေကြတာ တပ်တွေနဲ့ ဒီနေရာက နယ်စပ်နဲ့ ကပ်နေတော့ လွတ်သွားဖို့ က  များတယ်လေ” ဒေသခံ ရွာသား တဦး ပြောပြသွားတာ ဖြစ်ပါတယ်။
အခုချိန်မှာ  ထိုင်းမြန်မာ နယ်စပ် ချောင့်ခက် ဒေသကို ကြာအင်းဆိပ်ကြီးမှာ တပ်အသစ်များ  ထပ်မံ အင်အားဖြည့် ရောက်ရှိ လာနေကြတာဖြစ်ပြီး၊ ကြာအင်းဆိပ်ကြီးမှ တက်လာရာ  လမ်းတလျောက်မှာလည်း ဒီကေဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်တွေက ကြားဖြတ်  တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ခဲ့တယ်လို့လဲ ကေအန်ယူ သတင်းရပ်ကွက်က  ကြားသိရပါတယ်။
Copy from - naytthit.net











No comments:
Post a Comment