ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲ
၂၀၁၁ ခုနှစ် ဇွန်လ (၂၇)ရက်။
တိုင်းရင်းသား ဒေသများအတွင်း  ကြံ့ဖွတ် စစ်အစိုးရမှ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား  ရပ်တန့်စေရန် အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့်  ဆန္ဒပြပွဲကို တိုကျို SHIBUYA ရှိ UN အဆောက်အဦး ရှေ့တွင် ယနေ့ ညနေ ၃း၀၀  နာရီ မှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ  ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းရင်းသား ဒေသများ  ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ် သတ်ဖြတ် နေမှုများကို တက်ရောက်လာကြသည့်  အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ခံ ကိုယ်စားလှယ်များတို့မှ ရှုတ်ချ ကန့်ကွက်  ခဲ့ကြကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ  အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပြီး အမြန်ဆုံး  အရေးယူ ဖြေရှင်းပေးပါရန် မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း  တောင်းဆိုသည့် စာကို UN ဂျပန် ရုံး တာဝန်ခံ ကနေတဆင့် ကုလသမဂ္ဂ အထွေထွေ  အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ပါသည်။ ယနေ့  ဆန္ဒပြပွဲတွင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း  သိရှိရပါသည်။
သတင်းမှတ်တမ်း ။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Aung Htoo Thein










No comments:
Post a Comment