အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဆွေးနွေးပွဲပျက်ပြား 
ယခင် ဆက်သွယ်ရေး ဝန်ကြီးဟောင်း၊ ယခု မြစ်ကြီးနား ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ဦးသိန်းဇော် စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့၏  ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဆွေးနွေးပွဲ ပျက်ပြားသွားသည်။  အစိုးရ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် အစိုးရအနေဖြင့် KIA နှင့်  အပစ်အခတ်ရပ်လိုကြောင်း၊ ရှေ့တန်းတပ်များကို အပစ်ရပ်ထားရန်  အမိန့်ပေးထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော်  ဦးသိန်းဇော် လက်မှတ်ပါသည့် စာရွက်စာတမ်း အထောက်အထား တစုံတရာ မပါရှိသဖြင့်  KIA က ဆုံးဖြတ်ချက် မပေးလိုက်ကြောင်း၊ အထောက်အထားပါမှသာ အပစ်ရပ်ရေး  စဉ်းစားမည်ဟု အစိုးရ ကိုယ်စားလှယ် အဖွဲ့သို့ ပြောလိုက်ကြောင်း KIA ပူးတွဲ  အတွင်းရေးမှူး ဦးလနန်က ပြောသည်။ 
copy rights_http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6628---kia-










No comments:
Post a Comment