မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်
15 June 2011 ,ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ  ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒ ရှိသူအား  ကြိုဆိုလျက် ရှိကြောင်း ကြေညာချက်အား ယနေ့ ထုတ်ပြန် လိုက်သည်။
“ရှေ့တန်း စစ်မျက်နှာပြင်၌  မလွှဲမရှောင် ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်း  ဝင်ရောက်လာသော မြန်မာ့ တပ်မတော်သားများ အားလုံးကို နိုင်ငံတကာ စည်းမျဉ်း  စည်းကမ်းများနှင့်အညီ ကြိုဆို လက်ခံသွားမည် ဖြစ်ပါသည်။” ဟု ရေးသား  ဖော်ပြထားသည်။
ယင်းကြေညာချက်နှင့်  ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေး ပြောရေး  ဆိုခွင့်ရှိသူ ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့  ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။” ဟု  ဆိုသည်။
ရှေ့တန်းရောက် KIA အရာရှိ  တစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်း လာတဲ့လူတွေကို ကောင်းကောင်း  မွန်မွန် လက်ခံဖို့၊ ဒဏ်ရာရလာတဲ့ သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့”  ဟု ပြောသည်။
ကြေညာချက်တွင် အချက် (၆)ချက်ကို  ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေး ဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့်  စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရ  တော်လှန် နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
တစ်ဆက်တည်းမှာပင် လွတ်လပ်၍  တရားမျှတသော ပြည်ထောင်စု နိုင်ငံတော် သစ်ဆီသို့ လျင်မြန်စွာ ရောက်ရှိရေး  အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။
Copy from - kachinnews.com











No comments:
Post a Comment