Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, June 7, 2011

အဓမ္မခိုင်းစေမှု မြန်မာမှာ ရှိဆဲ

ILO မှာ မြန်မာအရေး ပေါ်ပြူလာဖြစ်
၆ ရက် ဇွန်လ ၂၀၁၁ ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလုပ်သမားများအရေး အကြိမ် ၁၀၀ မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံက ကိစ္စတွေကို နိုင်ငံတကာက စိတ်ဝင်စားတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အစည်းအဝေးတွေ ဆက်တိုက် ကျင်းပနေတာမှာ ဇွန်လ ၄ ရက်နေ့ စနေနေ့ ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူး စည်းဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ အဓမ္မ စေခိုင်းမှုတွေ ရှိနေသေးတဲ့ အကြောင်းကို တင်ပြ ခဲ့တယ်လို့ ဆွေးနွေးပွဲတွေမှာ ပါဝင် ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂများ အဖွဲ့ချုပ် FTUB က ဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ကိုဇာနည်သွေးက ဘီဘီစီကို ပြေပါတယ်။

မြန်မာအစိုးရ ဘက်ကတော့ ရန်ကုန်က ILO ဆက်သွယ်ရေး အရာရှိနဲ့ ဆက်သွယ် ဆောင်ရွက် နေကြောင်းနဲ့ အဓမ္မ ခိုင်းစေမှုတွေ နည်းသွား ပါတယ်လို့ ပြောတဲ့ အကြောင်းရယ် ဒီကိစ္စတွေဟာ မိသားစုတွင်း ရန်ဖြစ်သလို ဖြစ်တဲ့အတွက် မကြာခင် ပြေလည်သွားမှာ ဖြစ်ကြောင်း အပြောင်းအလဲတွေကို ခေါက်ဆွဲထုတ် ပြုတ်စားသလိုတော့တွေ့ဖို့ လွယ်မှာ မဟုတ်တဲ့အကြောင်း တင်ပြတယ်လို့ သူက ပြောပြပါတယ်။

ILO ရန်ကုန်ရုံးကို ကလေးစစ်သား ကိစ္စနဲ့ တင်ပြတဲ့ အမှုပေါင်း ၂၆၀ ကျော် ရှိခဲ့ပြီး ၁၅၇ ဦးကို အိမ်ပြန်ပို့ ပေးခဲ့တာမို့ အစိုးရအနေနဲ့ ဆက်လက် ကျူးလွန် နေတာကတော့ ထင်ရှားတယ်၊ ကလေးစစ်သား ဆိုတာလည်း အဓမ္မ ခိုင်ဒစေမှု ဖြစ်တယ်လို့ ကိုဇာနည်သွေးက ထောက်ပြပါတယ်။

လာမည့် အစည်းအဝေး တွေမှာလည်း တောင်သူတွေဆီက အဓမ္မ လယ်သိမ်းတာတွေ ကလေးစစ်သား ကိစ္စတွေ အလုပ်သမား သမဂ္ဂ တည်ထောင်ခွင့် မရတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေး သွားမယ်လို့ သူကဆိုပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ 

No comments:

Post a Comment