စိန်ကျော့ဌာနချုပ်အနီး SSPP/SSA တပ်စခန်းအား မြန်မာစစ်တပ်ဝင်တိုက်
သျှမ်းပြည် တပ်မတော် SSPP/SSA 
13 June 2011,သီပေါမြို့နယ် စိန်ကျော့ဌာနေ ပြည်သူ့စစ်  ဌာနချုပ်အနီးရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းအား မြန်မာစစ်တပ်  ၀င်ရောက် တိုက်ခိုက်ရာ SSPP/SSA တပ်ဆုတ်ပေး လိုက်သော်လည်း အဆိုပါ တပ်စခန်း၌  မြန်မာစစ်တပ် အခြေမချဘဲ ဖြတ်ကျော် သွားသည်ဟု SSPP/SSA သတင်း ရပ်ကွက်က  ဆိုပါသည်။
၁၂ ရက်နေ့ မနက် ၅ နာရီခွဲမှ ၁၀ နာရီအထိ  SSPP/SSA ၏ အဆိုပါ တပ်စခန်းအား မြန်မာစစ်တပ်က အဲမ်အေ ၁၀ မော်တာ အလုံး ၄၀-၅၀  ကျော် ပစ်ခတ် တိုက်ခိုက်သည်ဟု SSPP/SSA အရာရှိတဦးက ပြောသည်။ "  ကျနော်တို့စခန်းက စိန်ကျော့ အရှေ့တောင်ဖက်မှာ ရှိတာ။ ကောင်းစမိန်း  ကုန်းမှာပါ့။ မြန်မာတပ်နဲ့ ကျနော်တို့ စခန်းနဲ့ ၆ ဖာလုံလောက်ဘဲ ဝေးတယ်။  မနက် ၅ နာရီခွဲလောက် ကတည်းကဘဲ " ဟု အဆိုပါ အရာရှိက ပြောသည်။
ကျောက်မဲ စကခ ၁ လက်အောက်ခံ  စိန်ကျော့ စခန်းချ မိုင်းရယ် ခမရ ၃၂၅ နှင့်အတူ သီပေါ အခြေဆိုက် ခမရ ၅၀၃  တို့ ပူးပေါင်းသည့် အင်အား ၃၀၀ ခန့်က ကောင်းစမိန်းရှိ ဗိုလ်စိုင်းကမ်  ဦးဆောင်သော အင်အား ၂၀ ခန့်ရှိ  SSPP/SSA တပ်မဟာ ၁ လက်အောက်ခံ အမှတ် ၉  မြို့နယ်အုပ်ချုပ်ရေး လုံခြုံရေး တပ်စခန်းအား ၀င်ရောက် ပစ်ခတ်  တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆို၏။
မြန်မာစစ်တပ်ဖက်က  လက်နက်ကြီးတွေနဲ့ ချတာ၊ ၇ နာရီလောက်မှ သေနတ်သံတွေ ထွက်တာ ၊ နေ့ခင်းလောက်အထိ  ပစ်တယ်။ SSPP/SSA လဲ တပ်ဆုတ်ရော မြန်မာစစ်တပ်တွေလဲ ကောင်းစမိန်းမှာ  မနေဘူး။ ကျနော်တို့ စိန်ကျော့ ပြည်သူ့စစ်တွေကို မယုံလို့ ထင်ပါရဲ့  ကူတိုက်ဖို့ ကမ်းလှမ်း လာတာလဲ မရှိဘူး။ ရှိခဲ့ရင်တောင်မှ ကျနော်တို့  ကူတိုက်ပေးမယ့် အဆင့်အထိ မအ သေးဘူး။" ဟု စိန်ကျော့ ပြည်သူ့စစ်  တပ်ဖွဲ့ဝင်တဦးက ပြောသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း  ရွာသားတဦးနေအိမ်မှ ကျွဲများ ရွာပြင်မောင်းထုတ်နေစဉ် မြန်မာစစ်တပ်၏  ပစ်သတ်ခြင်း ခံရကြောင်း စိန်ကျော့ ဒေသခံတဦးက ပြောသည်။ " စိုင်းထွန်း (အသက်  ၃၀ နှစ်က ) သူ့ကျွဲတွေကို ရွာပြင်ထုတ်ထားမလို့တဲ့။ လမ်းမှာ မြန်မာစစ်တပ်က  ရပ်ခိုင်းတာ သူက မရပ်ဘဲ ကြောက်ကြောက်နဲ့ ထွက်ပြေးတော့ မြန်မာစစ်တပ်က  ပစ်ထဲ့လိုက်တာ ပွဲခြင်းပြီးဘဲတဲ့ ။ ရွာထိပ်က လူတွေက ပြောတယ်" ဟု ပြောသည်။  အဆိုပါ ရွာသားမှလွှ္ပဲ္ပ္ပ၍ နှစ်ဖက်သေကြေ  ဒဏ်ရာရမှု မသိရသေးဟု သိရသည်။ 
အလားတူ ၁၁ ရက်က မိုင်းရှုးနှင့်  တန်းယန်းနယ်စပ် နောင်အက်အုပ်စု နမ့်မော်ကွန်း ကျေးရွာတွင်  မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်အား သျှမ်းပြည်တပ်မတော်က  ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက် သေဆုံးကြောင်း SSPP/SSA  အရာရှိက ဆက်လက် ပြောပြသည်။ 
တိုက်ပွဲကြောင့် သေဆုံးမှု  အရေအတွက်နှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဖက်မှ အရာရှိတဦးက ကျနော်တို့  သေရင် သေသလောက် မှန်မှန် ကန်ကန် ပြောပါတယ်။ ရန်သူဘက်က သေတယ်ပြောပြီး  ကျနော်တို့ဖက်က မသေဘူး ဆိုပြီး လိမ်ပြောလို့ မရဘူး။ တိုက်ပွဲပြီးရင်  စစ်ဆေးမှုရှိတယ်။ဒေသခံ လူထုရှိတယ်။ ကျနော်တို့ အထက်လူကြီးဆီ တင်ရတယ်။  ကျနော်တို့ ဘာကြောင့် အသေအပျောက် နဲလဲ ဆိုတာ မဆန်းပါဘူး။ ကျနော်တို့  မွေးဖွါးကြီးပြင်းလာတဲ နယ်မြေအကြောင်း ကျနော်တို့ ကောင်းကောင်း သိတာပေါ့ "  ဟု သျှမ်းသံတော်ဆင့်အား ပြောပြဘူးသည်။
မတ်လဆန်းမှစ၍ ယနေ့တိုင်  မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ကြား တိုက်ပွဲပေါင်း ၆၀  ထက်မနည်း ဖြစ်ပွါးရာ ထိုးစစ်ဆင် တိုက်ခိုက်လာသည့် မြန်မာဖက်မှ ၃၀၀ ထက်မနည်း  သေကြေ ဒဏ်ရာရရှိခဲ့ပြီး သျှမ်းပြည်တပ်မတော် ဖက်တွင်လည်း ၁၀ ယောက်ခန့်  သေကြေ ဒဏ်ရာရသည်ဟု  SSPP/SSA ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးစိုင်ထူးက  ပြောသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်











No comments:
Post a Comment