Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, March 1, 2011

မြန်မာစစ် အစိုးရမှ ကရင်ပြည်သူ လူထုကို ထိုးစစ်ဆင်နေမှုအပေါ် ဂျပန်လွတ်တော်အမတ်များ သမဂ္ဂအား သွားရောက် ရှင်းလင်းတင်ပြ။




၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (ဂျပန်)၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (ဂျပန် ကိုယ်စားလှယ်)နှင့် မြန်မာ့ရေးရာရုံး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဂျပန်လွတ်တော်သို့ သွားရောက်၍ ကရင်ပြည်နယ် ဒေသအတွင်း နအဖ စစ်အုပ်စုမှ ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့် ပေးရန်အတွက် အမတ်များ သမဂ္ဂအား သွားရောက် ရှင်းလင်း တင်ပြခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ မြန်မာ့အရေးအား ကူညီထောက်ပံ့ပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO မှ လက်ခံတွေ့ဆုံပြီး ကရင်ပြည်နယ်အတွင်း နအဖ၏ ထိုးစစ်ဆင် တိုက်ခိုက် မှုတွေကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူများ အိုးအိမ်ခြံမြေတို့ကို စွန့်ခွါပြီး စစ်ပြေးဒုက္ခသည်များအဖြစ် တောတောင်တွေမှာရော ဒုက္ခသည်စခန်းတွေမှာပါ ထွက်ပြေးနေခဲ့ကြရကြောင်း စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း စသည့် လူမျိုးတုံး မျိုးဖြုတ်သတ်ဖြတ်မှုများ ရပ်တန့်ပေးရန် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းမှ တားဆီးပေးရန် သွားရောက် ရှင်းလင်းတင်ပြခဲ့ပါသည်။

အမတ်သမဂ္ဂမှ တိုင်းရင်းသား ဒေသအတွင်း ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်ကို ပိုမိုနားလည် သဘောပေါက် စေရန်အတွက် နိုင်ငံခြားရေးဌာန အဆင့်မြင့်ပုဂ္ဂိုလ်များ ဂျပန်လွတ်တော် အမတ်များတို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် ကြားနားမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ များနှင့်အတူ ထိရောက်သည့် တိုက်တွန်း တောင်းဆိုမှုများ ကူညီ ဆောင်ရွက်မှုများ စီစဉ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ ။ Moe Min Thu

No comments:

Post a Comment