မြန်မာဝယ်မည့်လေယာဉ် ရုရှားမှာပျက်၊ မြန်မာ ၂ ယောက်သေ
ဒီကနေ့ ရုရှားနိုင်ငံအနောက်ဘက်၊ မော်စကိုမြို့တော်ရဲ့ တောင်ဘက် မိုင်  ၃၇၀ အကွာမှာရှိတဲ့ Belgorod ဒေသမှာ Antonov-148 အမျိုးအစား ရုရှားလုပ်  အမောင်းသင်လေယာဉ် ပျက်ကျသွားပြီးတော့ လေယာဉ်ဝန်ထမ်း ၄ ဦးနဲ့အတူ  လေယာဉ်အမောင်းသင်နေသူ မြန်မာနိုင်ငံသား ၂ ဦး၊ အားလုံး ၆  ဦးသေဆုံးသွားခဲ့တယ်လို့ မော်စကိုမြို့တော်က ရုရှားနိုင်ငံရဲ့  အရေးပေါ်အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနက ပြောကြားလိုက်ကြောင်း  ရုရှားအစိုးရသတင်းမှာ ဖော်ပြထားပါတယ်။
ဒီလေယာဉ်တွေ ထုတ်လုပ်ရာစက်ရုံကလည်း အခုပျက်ကျသွားတဲ့ Antonov-148  အမျိုးအစားလေယာဉ်တွေကို မြန်မာနိုင်ငံကို တင်ပို့ဖို့ရှိတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ မော်စကိုမြို့တော်က မြန်မာသံရုံးကတော့ ဒီလေယာဉ် ပျက်ကျပြီး  မြန်မာနှစ်ဦး သေဆုံးသွားတဲ့သတင်းကို သူတို့မရရှိဘူးလို့  ရိုက်စ်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
copy rights _VOA News 










No comments:
Post a Comment