Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း
ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ  Fukushima  နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု  တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို  ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား  ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ  သုံးစွဲသည့်  ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း  ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့  ဆိုပါတယ်။  ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့  ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။
ပေါက်ကွဲမှုနှင့်  ပတ်သက်၍ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှ သတင်းစာ ရှင်းလင်းပွဲ  တခု ပြုလုပ်သွားပါတယ်၊ ပေါက်ကွဲရခြင်း အကြောင်းရင်းကို အသေးစိတ် မသိသေးဘ  ပေမဲ့ ၀န်ထမ်း၎ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပြောဆိုပါတယ်။  ဓာတ်ပေါင်းဖိုကြီးလဲ ပျက်စီးသွားနိုင်ဘွယ်ရှိကြောင်း သတင်းသမား အများစုက  သုံးသပ်ကြပါတယ်။ တခုလုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပါက ဂျပန်တနိုင်ငံလုံး  ပျက်ဆီးဆုံးရူံးမည့် အန္တရာယ်က လက်ရှိ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း  သိရှိရပါတယ်။
Mai Kyaw Oo












No comments:
Post a Comment