တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ
Copy from ,You Tube video- AlJazeeraEnglish
ပေးဝေထားသော အစားအသောက်ထုပ်များနှင့် တွေ့ရသော ကိုရင်များနှင့် ကျောင်းသား (Photo - Getty Images)
ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တာချီလိတ်မှာ  မိုးရွာပြီး နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ၇ နာရီတို့မှာ နောက်ဆက်တွဲ ငလျင်  ထပ်လှုပ်ပါတယ်။ ဒေသခံ တွေကတော့ ကျီးလန့်စာစား ဖြစ်နေပြီး မိုးကလည်း  ရွာနေတော့ ကွင်းပြင်တွေမှာ ထွက်ပြီးနေရတဲ့ လူတွေ တော်တော် ဒုက္ခရောက်ပါတယ်။  နေစရာမရှိ ဖြစ်နေတယ်။
အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို မေးမြန်း ကြည့်ချက်အရ သေဆုံးသူ စုစုပေါင်း ၃၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီဒေသကို ရောက်ရှိနေတဲ့  မျက်မြင်များရဲ့ သတင်းပေးပို့ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာန  ဝန်ကြီး ကိုယ်တိုင် အဲဒီမှာ ရောက်ရှိနေပေမယ့် ဘာကယ်ဆယ်ရေး စခန်းမှ မယ်မယ်ရရ  မရှိပါဘူးတဲ့။ အခြေအနေဆိုးတဲ့ တာလေမြို့နယ်ဘက်ကို အရပ်ဖက် အလှူရှင်များက  လိုအပ်တာတွေ စုဆောင်း လှူဒါန်း နေတာမျိုးပဲ ရှိပါတယ်တဲ့။
(Photo - Reuters)
တာချီလိတ်  ဆေးရုံကို သွားကြည့်တော့ လူနာတွေကို အဲဒီမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၃၁ နဲ့  ၃၅၉ တို့ဆီကို ရွှေ့သွားပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  မီဒီယာသမားတွေ ရောက်ရှိလာတဲ့အတွက် အခြေအနေတွေကို မသိစေချင်လို့ အထက်က  ညွှန်ကြားတာကြောင့် စစ် တပ်ထဲရွှ့ပြောင်း ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်ကတော့ မြန်မာငလျင်အတွက်  အလှူငွေ ဒေါ်လာ ၅ သိန်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အိန္ဒိယကတော့  အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ဖို့ အသင့်ပါလို့ အသီးသီး ပြောဆိုထားကြပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ ဘလော့ဂ်












No comments:
Post a Comment