Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, March 22, 2011

လစ်ဗျား လေကြောင်းတိုက်ခိုက်မှု ကဒါဖီရဲ့ အိမ်ကိုထိ

တရီပိုလီမြို့က ကဒါဖီ အိမ်ခြံဝင်ထဲက အဆောက်အဦးတခု ထိခိုက်ပျက်စီး(ဓါတ်ပုံ၊BBC)
လစ်ဗျားက အစိုးရတပ်တွေကို လေကြောင်းကနေ ဒုတိယမြောက်ညအဖြစ် တိုက်ခိုက် ခဲ့တဲ့ အနောက်နိုင် ငံတွေရဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီနေတဲ့ နေရာနဲ့ သူရဲ့ စစ်ထိန်းချုပ် စခန်းတခုကို ထိမှန်အောင် ပစ်ခတ်ခဲ့ပါတယ်။

မြို့တော် ထရစ်ပိုလီက ဘတ်ဘ် အယ်လ်အဇိဇိယ ခြံဝင်းအတွင်းက လေးထပ် အဆောက်အဦး တခုဟာ တော်တော်လေး ပျက်စီးသွားတယ်လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ သတင်းထောက်တွေ ကပြော ပါတယ် ။

အခု ဗိုလ်မှူးကြီး ကဒါဖီရဲ့ နေအိမ်ကိုပါ ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် ညွန့်ပေါင်းတပ်တွေ ရဲ့ လေကြောင်းရန် ကနေ ခေါင်းဆောင် ကဒါဖီကို ပစ်မှတ်ထားပြီး တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ လစ်ဗျား ပြည်သူတွေကို ကာကွယ်ဖို့ အတွက်ပဲ စစ်ရေးအသုံးပြုတာကို ခွင့်ပြုပြီး လစ်ဗျားခေါင်းဆောင်ကို တိုက်ခိုက်ဖို့ ခွင့်ပြုမထားဘုးလို့ ဗြိတိန်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဆာ ဒေးဗစ် ရစ်ချက်စ်က ပြောပါတယ်။

လစ်ဗျားက ဗြိတိန်တပ်တွေကတော့ သူတို့ ပစ်မှတ်ထားတဲ့ နေရာတွေမှာ အရပ်သား တချို့ တွေ့ရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဒုတိယမြောက်ညမှာ ခေတ္တ ရပ်ထား လိုက်တယ်လို့   ပြောပါတယ်။

ယမန်နေ့ ညနှောင်းပိုင်း Storm Shadow လို့ခေါ်တဲ့ စစ်ဆင်ရေးမှာ တော်နေဒိုး တိုက်လေယာဉ်နဲ့ တိုက်ခိုက်ဖို့ လုပ်ထားတဲ့ နေရာတွေမှာ မပစ်ပဲ ရပ်ထားတာ ဖြစ်တယ်လို့ ဗြိတိသျှ ဗိုလ်ချုပ် ဂျွန်လာရီမာ က ပြောပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာနက သူတို့ ပစ်မှတ်ထားတဲ့နေရာ ဘယ်နေရာလဲ ဆိုတာကိုတော့ မပြောပါဘူး။

ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီးဌာနကနေ RAF စစ်လေယဉ်တွေကို လစ်ဗျားကနေ အသွားအပြန် မိုင် ၃၀၀၀ လောက်ဝေးတဲ့ အင်္ဂလန် အခြစိုက်စခန်းကို ပြန်ခေါ်ထားတယ်လို့ ပြောပါတယ်။ အာရပ် နိုင်ငံများ အဖွဲ့ရဲ့  အတွင်းရေးမှူးချုပ် အမီယာ မူဆာက သူ့အနေနဲ့ လစ်ဗျားအစိုးရအပေါ် စစ်ရေးအရ အရေးယူတာကို အသိအမှတ်ပြု လေးစားပါတယ်လို့ ပြောပါတယ်။

အရင်နေ့တုန်းကတော့ သူက ကုလသမဂ္ဂရဲ့ စစ်ရေးဆုံးဖြတ်ချက်နဲ့ တိုက်နေကျတဲ့ အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ လေယာဉ် မပျံသန်းရေးဇုံ လုပ်ပိုင်ခွင့်ထက် ကျော်နေပြီလို့ ပြောခဲ့ပါတယ်။ သူဟာ ကိုရိုမြို့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ဘေးချင်း ထိုင်လျက် ရှိစဉ်မှာ ပြောလိုက်တာပါ။

မစ္စတာ ဘန်ကီမွန်းကတော့ နိုင်ငံတကာအနေနဲ့ လစ်ဗျား အရေးအပေါ် လုပ်ဆောင်တဲ့အခါ တသံတည်းထွက်ပြီး လုပ်ဆောင် သင့်တယ်လို့ ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ  

No comments:

Post a Comment