လစ်ဗျားမှာ ပိတ်မိနေတဲ့ မြန်မာတွေ ဒုက္ခနဲ့ မြန်မာပြည်က ဘွတ်အဲ လွှတ်တော်
လစ်ဗျား မှာ ပိတ်မိနေသော မြန်မာ အပါအ၀င်အာရှနိုင်ငံသားများ AFP
March 7, 2011,
နွားတင်းကုတ်ထဲ ရောက်နေကြတဲ့ လွှတ်တော် အမတ်များ လွှတ်တော် ခေါ်နေတာ တလကျော်နီးပါး ရှိပါတော့မယ်။ မြန်မာပြည်သူတွေအတွက် အလုပ်လုပ်မှာလား၊ ကိုယ်ကျိုးအတွက် အာဏာ ခွဲဝေရေး လုပ်နေ တာလားဆိုတာ ရှင်းနေပါပြီ။ လစ်ဗျား၊ အီဂျစ်နဲ့ အာရပ် နိုင်ငံတွေမှာ ဒုက္ခရောက် ပိတ်မိနေကြတဲ့ မြန်မာ လူမျိုးတွေရဲ့ အသက် အန္တရာယ်ကို ယခုထိ တိုင် ဘာမှ ကာကွယ် စောင့်ရှောက် အကူအညီ ပေးတာ မရှိသေးပါ။ မြန်မာ လူမျိုးတွေလည်း လစ်ဗျားမှာ ပိတ်မိနေကြပါ တယ်။
လစ်ဗျားနိုင်ငံမှာ လာရောက် လုပ်ကိုင် နေကြတဲ့ ထိုင်း လူမျိုး ၂၃,၀၀၀ ကိုတော့ လူသားစိတ်ရှိတဲ့ သူတို့ ထိုင်းအစိုးရက လေယာဉ်တွေ စေလွှတ်ပြီး ကယ်တင် သွားခဲ့တယ်။ ကျန်တဲ့ သူတွေကိုလည်း နေ့စဉ် လာကယ် ထုတ်နေကြတယ်။ ခရီး သွားလာနိုင်အောင် ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ် ပေးနေတယ်။ အသက် ဘေးကနေ ရုန်းထွက် ပြေးခဲ့ရလို့ ပျောက်ဆုံး သွားတဲ့ ပတ်စ်ပို့ တွေကိုလည်း အမြန်ဆုံး အသစ် ပြန်လုပ် ပေးနေပါတယ်။ တခြား နိုင်ငံတွေကိုလည်း သွားလာ နိုင်အောင် သူတို့ အစိုးရက လာပြီး စီစဉ် ပေးနေပါတယ်။ ထိုင်း လူမျိုး ၂၃,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံအတွက် နှစ်စဉ် ထိုင်းဘတ်ငွေ ၃.၄၅ ဘီဘီယံ ရှာဖွေ ပေးနေတယ်။
အရှေ့ အလယ်ပိုင်း အာရပ် နိုင်ငံတွေမှာ လာရောက် အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာ တွေကိုတော့ မြန်မာ စစ်အုပ်စုက မဲပေးဖို့ ၊ ၀င်ငွေခွန် ပေးဆောင်ဖို့ ဒီလို ကိစ္စမျိုးတွေသာ မြန်မာ သံရုံးက ဆက်သွယ် ခဲ့ပေမဲ့၊ ခုလို ဒုက္ခရောက် နေတာကိုတော့ ဘယ်သူမှ လာမကူညီ ကြတဲ့အပြင် ဆက်သွယ် လို့တောင် မရပါ။ ဖုန်းလည်း မကိုင်တော့ပါ။
နွား တင်းကုတ်ထဲ ရောက်နေကြတဲ့ လွှတ်တော် အမတ်လောင်းများ “ဘွတ်အဲ” လို့ ပြိုင်တူ အော်ကြပါတော့လို့ …
WFWW
Copy from _ naytthit.net











No comments:
Post a Comment