ညူကလီယား ဓာတ်ပေါင်းဖို ၃ ခုပျက်စီးခဲ့ရပြီး ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီ
FUKUSHIMA ညူကလီယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ရေဒီယို သတ္တိကြွ လေထုထဲတွင် ပျံ့နှံ့ 
ဖူကူရှီးမား ဓာတ်အား ထုတ်စက်ရုံ အမှတ် ၁  က ညူကလီယား ဓာတ်ပေါင်းဖို ၃ ခု ပျက်စီး ခဲ့ရတဲ့အတွက် ရေဒီယို သတ္တိကြွမှု  ဖြစ်ပေါ်ခဲ့တာဟာ လေထုထဲတွင် ပျံ့နှံ့ တွေရှိခဲ့တယ်လို့ သိရပါတယ်။  ကျိုဒိုသတင်း တပုဒ်ထဲမှာတော့ ဖူကုရှီးမားခရိုင်တောင်ဘက် အခြမ်းမှာ ရေဒီယို သတ္တိကြွမှု အဆင့်မြင့်မားတယ်လို့ တိုင်းတာ ရရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ 
ဒီနေ့ မနက်စောစောမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ချိန်မှာ လေဟာ အရှေ့မြောက်ဘက်ကနေ တိုက်နေတယ်လို့ TEPCO က ပြောပါတယ်။ 
တိုကျိုဧရိယာမှာ လေထုတွင်း  ရေဒီယိုသတ္တိကြွမှု အဆင့်ဟာ ပုံမှန်ထက် မြင့်မားနေတယ်ဆိုတာ တွေ့ရပေမဲ့  ကျန်းမာရေးကို ထိခိုက်နိုင်တာမျိုး မရှိဘူးလို့ ဂျပန်အရာရှိတွေရဲ့  ပြောပြချက်ကို ကိုးကားပြီး  ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။ အဲန်အိပ်ခ်ျကေ  ရဲ့ ၃ နာရီ (၁၅း၀၀နာရီ) သတင်းမှာ ကျန်းမာရေးကို ထိခိုက် နိုင်လောက်တဲ့  အဆင့်ကိုမရောက်သေးဘူးလို့ ကြေညာသွားပါတယ်။ ဓာတ်ပေါင်းဖို နံပတ် ၄  မီးလောင်မှုဖြစ်ပွားခဲ့တာ အတည်ပြုနိုင်ခဲ့ပါပြီ။ အဲဒီ ဓာတ်ပေါင်းဖိုဟာ  ငလျင်လှုပ်ခဲ့ကတည်းက ရပ်တန့် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖိုတွင်း  အပူချိန် မြင့်မားစွာနဲ့ ကျန်ရစ်နေခဲ့လို့ လောင်ကျွမ်းမှုတာ  ဖြစ်နိုင်တယ်လို့ ပညာရှင်များက ပြောပါတယ်။
တီဘီအက်စ် ရုပ်မြင်သံကြားကလည်း  မတ်လ ၁၅ ရက် ညနေ ၄ နာရီ(၁၆း၀၀ နာရီ)သတင်းမှာ တိုကျိုမြို့တွင်းရှိ  ရှင်းဂျုကု ။ ဆဲတာ့ဂါယာ၊ စတဲ့မြို့နယ်တွေမှာ ရေဒီယို သတ္တိကြွမှု အဆင့်ကို  တိုင်းတာ ရရှိချက်များကို ကြေညာသွားခဲ့တယ်။ ပုံမှန် ရှိနေတာထက်  မြင့်မားနေပေမဲ့ လူကို အန္တရာယ်  ဖြစ်စေနိုင်လောက်တဲ့ အဆင့်မဟုတ်သေးဘူးလို့  ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကြေညာ သွားတယ်။
ဂျပန့် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ဖူကူရှီးမားဓာတ်အားထုတ် စက်ရုံ အမှတ် ၁ ရဲ့ အချင်းဝက် ကီလိုမီတာ ၃၀ အတွင်း လေယာဉ် ပျံသန်းခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်ထားပါတယ်။
၁၆း၀၅ နာရီ
ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်  နေပြီဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်တွေ ကို  ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာကို ကြားသိရသမျှ လက်ဆင့်ကမ်းလိုက်ပါတယ်။
အပြင်ထွက်တဲ့အခါ  ခန္ဓာကိုယ်ရဲ့အရေပြားကို ပြင်ပလေနဲ့တတ်နိုင်သမျှ တိုက်ရိုက်ထိတွေ့မှု  နည်းနိုင် သမျှ နည်းအောင်လုပ်ပြီှးမှ အပြင်ထွက်ပါ။
ဦးထုပ်ဆောင်း၊ မျက်မှန်တပ်၊ မျက်နှာဖုံးအကာစွပ်၊ လက်အိပ်၊ အင်္ကျီလက်ရှည်၊ ဂျာကင်၊ မိုးကာအင်္ကျီလိုမျိုး ပါးပါးထထပ်ကိုထပ်ဝတ်ပါ။
လက်ကိုင်ပုဝါ  လက်သုပ်ပုဝါကိုဆောင်ထားပါ။ ရေဆွတ်ထားပြီး နှာခေါင်းပါးစပ်တို့ကို  ကာလို့လည်း ရပါတယ်။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်နိုင်တဲ့သူတွေဖြည့်ပေးပါ။
အပြင်ကနေပြန်ရောက်လာရင်  အပေါ်ဆုံးက၀တ်ထားတဲ့အ၀တ်အစားကို အိမ်အပြင်မှာချွတ်ပြီးအမှိုက်အိပ် လိုမျိုး  ပလပ်စတစ် အိပ်ထဲထည့် လုံအောင်ပိတ်ပြီးမှ အိမ်ခန်းတွင်းသွင်းပါ။  အ၀တ်လျှော်စက်ထဲမှာ လျှော် ပစ်ပါ။ 
၂၀း၃၉ နာရီ
ကျော်ကျော်စိုး











No comments:
Post a Comment