Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, March 15, 2011

ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖို ထပ်မံပေါက်ကွဲ၊ နံပတ် ၄ ညူကလီယားဓာတ်ပေါင်းဖိုမှာ မီးလောင်


မတ်လ ၁၅ ရက် မနက် ၁၁း၀၀ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအို့တိုခန်း က ပြည်သူပြည်သားများထံအသိ ပေးမိန့်ခွန်းပြောခဲ့ပါတယ်။

မနက်စောစောပိုင်းတွင်ပေါက်ခဲ့သော ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖိုအဖြစ်အပျက်ကြောင့် ရေဒီယိုသတ္တိကြွမှုဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက် နိုင်တဲ့အဆင့်အထိဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ ဒီအချက်ကို အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို ကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း နံပတ် ၄ ညူကလီယားဓာတ်ပေါင်းဖိုမှာ မီးလောင်မှုဖြစ်ပွားတယ်လို့လည်း တီဘီအက်စ် ရေဒီယိုမှာ နေ့လယ် ၁၂ နာရီလောက်က ကြေညာသွားပါတယ်။ ၀န်ကြီးချုပ်ခန်း ကလည်း အဲဒီလိုပဲ ပြော ပါတယ်။ ဖူကူရှီမားစက်ရုံကနေ အချင်းဝက် ကီလို ၂၀ မီတာအတွင်းရှိပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီ ဆိုတာနဲ့ အချင်းဝက်ကီလိုမီတာ ၃၀ အတွင်းမှာရှိတဲ့သူတွေအနေနဲ့ နေအိမ်တွင်း ရုံးအဆောက်အဦတွင်း မှာနေကြဖို့ သတိပေးထားပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာလည်း အဲဒီဧရိယာပတ်ဝန်းကျင်ကလူတွေအနေနဲ့ အိမ်အပြင်ဘက်ကို တတ်နိုင်သမျှမထွက်ကြဖို့နဲ့ ထွက်ရလို့ရှိရင်လည်း အပေါ်ကအ၀တ်အစားကိုချွတ်ပါ အပြင်မှာသန့်စင်ပြီး ထားခဲ့ဖို့အကြံပေးပါတယ်။

ကျနော့်အနေနဲ့အကြံပေးလိုတာက တိုကျိုနဲ့ ဖူကူရှီမားက ကီလိုမီတာ ၂၅၀ လောက်ဝေးပေမဲ့ သတိ ဆိုတာပိုတယ်မရှိပါ။ ရေဒီယိုသတ္တိကြွမှုဆိုတာ မျက်စိနဲ့မြင်ရတဲ့အရာမဟုတ်တဲ့အတွက် မမြင်ရတဲ့အရာက ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ မြင်ရတဲ့အရာက အန္တရာယ်မခံရအောင် တတ်နိုင်သမျှ ရှောင်တိမ်း လို့ရပါတယ်။

ကျော်ကျော်စိုး

၁၂း၅၀ နာရီ


No comments:

Post a Comment