Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, March 28, 2011

မြန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတည်ပြု


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်နေစဉ်။ (UN Photo/Jean-Marc Ferré)
2011-03-27

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

ဒီ မူကြမ်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စနစ်တကျ ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ပေးဖို့ သက်တမ်းတိုး ခန့်အပ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မစ္စတာ ကင်းတားနားက- လူ့အခွင့်အရေးကောင်စီက လုပ်ငန်းတာဝန် သက်တမ်း တိုးပေးတဲ့အတွက် ဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေး တိုးတက် ခံစားရဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းကို အတည်ပြု လိုက်တာဟာ သတင်းကောင်းဖြစ်ကြောင်း အာအက်ဖ်အေကို ပြောကြားပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နိုင်ငံများ ကိုယ်စား ဟန်ဂေရီနိုင်ငံက အဆိုပြုခဲ့တာ ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ရုရှားနဲ့ ကျူးဘားနိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ ဒီဆုံးဖြတ်ချက် မူကြမ်းမှာ အပြုသဘော ဆောင်ရွက်ချက်တွေ မပါဝင်တာကို ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

Copy from - rfa.org/

No comments:

Post a Comment