Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, March 15, 2011

ဒုတိယအကြိမ် Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း



၂၀၁၁ မတ်လ(၁၅)ရက်





ဂျပန်နိုင်ငံ Fukushima နယူကလီးယား  ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။ 

နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆူနာမိ ဒီလှိုင်း ရိုက်ခတ်မှု ဒဏ်တွေကြောင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်တွေ ပျက်စီးပြီး နျူကလီယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ  အပူလွန်ကဲရာက  ဓါတ်ပေါင်းဖို အပြင်ရှိ အဆောက်အဦးကြီး အမှတ် (၁)နဲ့ အမှတ်(၃)တွေ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှတ် (၂)ဓါတ်ပေါင်းဖိုကိုတော့ ဒီကနေ့ အပူရှိန် တက်လာတဲ့ အချိန်မှာ ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယား လောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲနိုင်ကြောင်း ကြေခြာခဲ့သော်လည်း   ဓာတ်ပေါင်းဖိုကို ဖိအားတွေ ကျလာစေဖို့  ပင်လယ်ရေသွင်းပြီး အချိန်မှီ ထိမ်းချုပ်နိုင်ကြောင်း ထပ်မှန်ကြေငြာသွားသည်ကိုလည်း တွေ့ရပါသည်။


နျူကလီးယား ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင် နေထိုင်သူတွေ သူတို့အိုးအိမ်တွေကို စွန့်ခွာဝေးရာကို ရွှေ့ပြောင်း နေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါသွားသည်။

ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် ဆက်လက် စစ်ဆေး ပေးနေကြောင်း သိရှိရပါသည်။ နျူကလီးယား ဓါတ်ပေါင်းဖိုမှ ဓာတ်ရောင်ခြည် ယိုစိမ့်ထွက်မှု ကို စိုးရိမ်ကြသည် နိုင်ငံခြားသားများ ဂျပန်နိုင်ငံကနေ ခေတ္တ တိမ်းရှေင် ရွှေ့ပြောင်း ဖို့  ဒီကနေ့ တရက်တည်း  ဂျပန် လ၀က မှာ ခရီးသွားစာအုပ် သွားရောက် ထုတ်ယူနေသူ ၄၀၀ ခန့် တွေ့မြင်ရကြောင်း မျက်မြင်တဦး၏ ပြောပြချက်အရ သိရပါသည်။ ခေတ္တ တိမ်းရှောင်ရာမှာ ဂျပန် မိသားစုအချို့ပါ တွေ့မြင်ရကြောင်း ပြောသွားပါသည်။

Mai Kyaw oo

No comments:

Post a Comment