Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, August 2, 2011

အပစ်မဲ့ကချင်ပြည်သူ တစ်ဦးအား မြန်မာစစ်တပ်မှ လူမဆန်သတ်ဖြတ်

01 August 2011,

ကချင်ပြည်နယ်အနောက်ဘက် ကားမိုင်းမြို့၊ ကထန်ယန်(Kahtan yang) ကချင်ရွာသား တစ်ဦးအား မြန်မာစစ်တပ်က လူမဆန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု ရွာသားများပြောသည်။
အသက် (၃၀) အရွယ် ဖုတ်ဂျောင်ဆိုင်းဒူ (Hpuk Jawng Seng Du)အား ဇူလိုင် ၃၁၊ တနင်္ဂနွေ နေ့က မြန်မာ အစိုးရ စစ်ကြောင်းမှ ဖမ်းဆီးပြီး မျက်နှာ အ၀တ်စည်းပတ်ကာ တောထဲသို့ ခေါ်ဆောင် သွားသည်။ ယင်းနောက် အရှင်လတ်လတ် မြေမြုပ် သတ်ပစ်ခဲ့ကြောင်း ရွာသားများပြောသည်။
ထိုနေ့ နံနက် (၇) နာရီတွင်လည်း တရွာထဲမှ အသက် (၁၇) နှစ်ရှိ ကချင်လူငယ် မရစ်တန် (Marip Tang) မှာလည်း ၎င်းအိမ်တွင် မြန်မာ စစ်သားများက ပစ်သတ် လိုက်သည်ဟု ထပ်ဆိုသည်။
ယခုလို အပစ်မဲ့ ပြည်သူနှစ်ဦးအား သတ်ဖြတ်မှုကို မြောက်ပိုင်းတိုင်း စစ်ဌာချုပ်(မပခ) အောက် ၀ိုင်းမော် နယ်မြေခံ ခလရ (၅၈)နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ)အောက် လှိုင်းဘွဲ့ နယ်မြေခံ ခလရ (၃၃၈) မှ စစ်ကြောင်း နှစ်ကြောင်းတို့ ပူးပေါင်း ပြုလုပ်ကြောင်း ရွာသားများ ပြောသည်။
ယင်းကဲ့သို့ အစိုးရ စစ်သားများ၏ သတ်ဖြတ်မှုများ ဆက်ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ကထန်ယန် ရွာသားများ ယခုချိန် ကားမိုင်းမြို့သို့ ထွက်ပြေးနေကြသည်ဟု မြို့ခံများပြောပါသည်။
ဇူလိုင် ၃၀ ရက်တွင်လည်း ကားမိုင်းမြို့ ကောင်ရာ(Kawng Ra) ကျေးရွာတွင် ကချင် ခရစ်ယာန် အသုဘအတွက် မြေမြုပ်သင်္ဂြိုလ်ရန် မြေကျင်းတူးနေသော ရွာသား ၇ ဦးအား ခလရ (၅၈) မှ မြန်မာ စစ်သားများ ပေါ်တာဆွဲ သွားသည်ဟု ဒေသခံများမှ တဆင့်သိရသည်။
ကားမိုင်း ဒေသသည် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တိုက်ပွဲ ဖြစ်သော ဒေသဖြစ်ကာ ဇူလိုင် ၂၆ တွင် ကားမိုင်းအနီး ငါးပေါက်ကုန်းတွင် ဆားမှော် နယ်မြေခံ ခလရ (၁၀၅) မှ မြန်မာစစ်ကား နှစ်စီးအား KIA တပ်ရင်း (၆)မှ တိုက်ခိုက်မှုကြောင့် မြန်မာစစ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရရှိသည်။

Copy from - kachinnews.com

No comments:

Post a Comment