မြန်မာစစ်တပ်အား သျှမ်းပြည် တပ်မတော်နှစ်ဖွဲ့ ပေါင်းတိုက်
သြဂုတ်လ 10 ရက် 2011 ခုနှစ် ။
ယနေ့မနက် ၀၆: ၀၀ ကျော်တွင် သျှမ်းပြည် တပ်မတော် ပူးပေါင်းတပ်ဖွဲ့က
မြန်မာစစ်ကြောင်း တကြောင်းအား ခြုံခို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက် ထက်မနည်း
သေကြေ ဒဏ်ရာရသည်ဟု ကျေးသီးမြို့ခံများ ကပြော ပါသည်။ “ကျေးသီးကနေ
မိုင်းနောင် မိုင်းနန်းဘက်သွားတဲ့ မြန်မာအစိုးရ စစ်တပ် ယဉ်တန်းတခုကို
သျှမ်းတပ် (တောင်/ မြောက်) နှစ်ဖွဲ့ပေါင်းပြီး ခြုံခိုတိုက်ခိုက်တယ် ။
ဗမာဘက်က ၁၀ ထက်မနည်း ဒေသကြေ ဒဏ်ရာ ရတယ်” ဟု ဝန်ထမ်း အသိုင်းအဝိုင်းက
ပြောပါသည်။
သျှမ်းပြည်တပ်မတော်သားများ (ဓါတ်ပုံ- SSPP/SSA)
ယနေ့မနက် (10/8/2011) မနက် ၆:၂၀ နာရီတွင် သျှမ်းပြည် တပ်မတော် SSPP/SSA
တပ်မဟာ ၇၂တပ်ရင်း ၁ လက်အောက်ခံ နယ်လှည့် စစ်ကြောင်း တကြောင်းက မြန်မာတပ်
စစ်ကြောင်းတခုအား ကျေးသီးမြို့ အရှေ့တောင် ဘက် နောင်ဆွမ်းရွာနှင့်
ဝမ့်ဖိုင်ရွာအကြား (ခိုမိုင့်လျဲန်တံတား/လွယ်စောင့်တောင်အနီး) ခြုံခိုတိုက်
ခိုက်ခဲ့ကြောင်း အမည်မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။
“ပြည်သူ ပြောသလိုဖြစ်နိုင်ပါတယ်။ အဲဒေသ ကျနော်တို့လှုပ်ရှားတဲ့နယ်မြေဘဲ။
ကျနော်တို့နဲ့ SSPP/SSA ပူးပေါင်း လှုပ်ရှားနေတာကြာပါပြီ။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ ဒေသအတွင်းသတင်းမရောက်သေးတော့ ဘာမှ
မပြောလိုပါဘူး” - ဟု RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင်က
ပြောပါသည်။
ထို့အတူ ပြီးခဲ့ တနင်္လာ (၈/၈/၂၀၁၁) ကလည်း မိုင်းရှူးမြို့နယ် (ကျေးသီး -
မိုင်းရှူးလမ်းပေါ် ) ဝမ့်ဆော့ရွာ အရှေ့ဘက် ဟိုင်းပါအုပ်စုသို့လမ်းခွဲအနီး
မြန်မာစစ်တပ်စစ်ကြောင်းတခုအား သျှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၇၂
လက်အောက်ခံ တပ်ရင်းအမှတ် ၂၄ မှ စစ်ကြောင်းတခုက ဆွဲမိုင်းဖြင့် ခြုံခို
တိုက်ခိုက်ခဲ့ ကြောင့် မြန်မာစစ်တပ်ဘက် ၈ ယောက်သေဆုံးပြီး ၁၂ ယောက်
ဒဏ်ရာရှိသည်ဟု သျှမ်းပြည်တပ်မတော် အသိုင်း အဝိုင်းကပြောသော်လည်း
သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
No comments:
Post a Comment