Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, August 15, 2011

NDB-Japan ၏ လုပ်ငန်းစဉ် စည်းဝေး ကျင်းပပြုလုပ်။


 ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်။


မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီရေး အတွက်လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း မှာ သြဂုတ်လ (၁၄)ရက် နံနက်မှာ ကျင်းပ ပြုလုပ်ခဲ့ကြပြီး လာမည့် စက်တင်ဘာလ (၁၈)ရက်နေ့ စစ်အာဏာသိမ်းသည့်နေ့၌ တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးရှေ့ ဆန္ဒပြပွဲ အစီအစဉ်များ၊ စက်တင်ဘာလ (၂၆ - ၂၇ ) ရက်နေ့ ရွှေဝေါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သွားကြမည့် အစီအစဉ်များတို့ကို အသေးစိတ် ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ပျက်ဆီးစေမည့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ဆန့်ကန်ကွက်သည့် လှုပ်ရှားမှုကို  နိုင်ငံတကာ လှုပ်ရှားမှုအဖြစ်  အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ် အစီစဉ်များကို NDB ပြန်ကြားရေးမှ ဆက်လက် ကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment