ယုံကြည်ချက်
  ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ 
 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ခွင့်ရရေးအတွက်  
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် များ ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတအား 
 ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံ 
by Kyaw Aye on Friday, August 26, 2011 at 11:23pm
ပထမအကြိမ် 
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင်  အထွေထွေလွတ်ငြိမ်း 
ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက်  နိုင်ငံတော် သမ္မတအား 
ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန်  တိုင်းဒေသကြီး 
သင်္ဃန်းကျွန်း မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်  ဦးသိန်းညွန့်က 
ပြည်သူ့လွှတ် တော်သို့တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
ယင်းအဆိုကို
  ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ဦးစံလင်း၊ ရန်ကုန်တိုင်း  
ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒ နယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ရခိုင်ပြည် နယ်  
ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် ကွန်ဟိန်း  
မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ ရှမ်းပြည် နယ် ရွာငံမဲဆန္ဒနယ်မှ ဦးအောင် သိန်း၊  
ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်မှ ဦးစိုင်းမောင်တင်၊ ရခိုင်ပြည် နယ်  
ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ် ခင်စောဝေ၊  ကရင်ပြည်နယ်ဘားအံ မဲဆန္ဒနယ်မှ  
ဒေါ်နန်းစေအွာ၊ တန င်္သာရီတိုင်း ရေးမဲဆန္ဒနယ်မှ ဒေါ်မိ မြင့်သန်း၊ ချင်းပြည်နယ်
  ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၊ မွန် ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ဦးခင်  
မောင်မြင့်၊ ပဲခူးတိုင်း ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ရန်  
ကုန်တိုင်းဒေသကြီး စမ်းချောင်း မဲ ဆန္ဒနယ်မှ ဦးစိုးဝင်း၊ ရန်ကုန်တိုင်း  
ဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒ နယ်မှ ဒေါက်တာသန်းဝင်း၊ မွန်ပြည် နယ် သံဖြူဇရပ်
  မဲဆန္ဒနယ်မှ ဦး သိန်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား  
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖြည့် စွက်ဆွေးနွေးခဲ့ကြကြောင်း  
သိရ သည်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များက 
အထွေထွေလွတ်ငြိမ်း  ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် 
နိုင်ငံတော် သမ္မတအား  ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုနှင့် စပ် 
လျဉ်း၍ ဆွေးနွေးကြရာတွင်  ဖဆပ လခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်၊ 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီခေတ်  တစ်လျှောက်လုံးတွင် အ 
ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ဘူးသည့်  သာဓကများလည်း 
ရှိခဲ့ကြောင်း၊ ၁၉၈၀ခုနှစ် ပြည်ပ  ရောက်နိုင်ငံရေးခေါင်းဆောင်များ ကို ပင် 
သင်ပုန်းခြေရေးမူအရ ထိုစဉ်က  လွှတ်တော်က ဖိတ်ခေါ်ခဲ့ဘူးသည့် 
အစဉ်အလာလည်းရှိခဲ့ကြောင်း၊ ပြည် တွင်း၌  အကျဉ်းကျခံ နေရသူများတွင် 
ယုံကြည်ချက်၊ ခံယူချက်ကြောင့် လုံ  ခြုံရေးဥပဒေများနှင့် ညှိစွန်းပြီး အ 
ကျဉ်းကျခံနေရသူများ၊ ပြည်သူက  လေးစားယုံကြည်ကြသူများ၊ ဒီမိုက 
ရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတွင်  ပူးပေါင်းပါဝင်ရန် လိုအပ် 
သူများလည်းပါရှိနေကြောင်း၊ အ  ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို 
ပြည်သူများကမျှော်လင့်နေကြလျက် ရှိပြီး  အထွေထွေလွတ်ငြိမ်းချမ်းသာ 
ခွင့်အမိန့်များ ဆက်လက်ထုတ်ပြန် ရေးသည်  ပြည်သူ့အသံဖြစ်ပြီး ကျင်းပနေဆဲ 
လွှတ်တော်၏ ဆောင် ပုဒ်ဖြစ်သည့် ပြည်သူ့အသံ၊  လွှတ် တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်
 တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်  လွှတ်တော်က ဖော်ဆောင်ရွက်ဆို 
သည်နှင့်အညီ အထွေထွေလွတ်ငြိမ်း  ချမ်းသာခွင့်များ ဆက်လက်ထုတ် 
ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မ တအား  ပြည်သူ့လွှတ်တော်က မေ 
တ္တာရပ်ခံကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင်
  ပြည်တွင်း၌ ယုံ ကြည်ချက် ခံယူချက်ကြောင့် လုံခြုံ  
ရေးဥပဒေများနှင့်ညှိစွန်းပြီး ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများထဲ တွင်  
ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်နိုင်ရေးအတွက် အင်အားတစ် ရပ်ဖြစ်သည့်  
အသိပညာရှင်၊ အ တတ်ပညာရှင်များ၊ နိုင်ငံရေးရာ များ ကို  
စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ မည့်သူများ ပါရှိနေသည့်အပြင် ယုံ ကြည်ချက်  
ခံယူချက်ကြောင့် ပြည် ပရောက်ရှိနေသည့်  မြန်မာနိုင်ငံသား များ၊  
ပြန်လည်လာရောက်နိုင်ရေး အ တွက်လည်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်မှာ  
အရေးပါပြီး နိုင်ငံ တော်သမ္မတကြီးက ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့်
  ပြစ်မှု တစ်စုံတစ်ရာ ကျုးလွန်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံသို့  
အချိန်မရွေး ပြန်လာနိုင်ကြောင်း၊ပြစ်ဒဏ်ကျခံ ရန် မြန်မာနိုင်ငံသို့  
ပြန်လာမည်ဆိုပါက လည်း သဘောထားကြီးစွာစဉ်းစား ပေးမည်ဆိုသည့်  
မိန့်ကြားချက်နှင့် အညီ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်များ  
ဆက်လက်ထုတ်ပြန်စေရေး အဆိုကို နိုင်ငံတော်သမ္မတထံ ပြည် သူ့လွှတ်တော်က  
မေတ္တာရပ်ခံရေး အ ဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
တပ်မတော်သား
  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှုးကြီးတင့် ဆန်းနှင့်  
အခြားကိုယ်စားလှယ်တစ် ဦးတို့က အကျဉ်းကျခံနေရသူများ တွင် နိုင်ငံတော်အတွက်  
သက်စွန့် ကျိုးပမ်းတာဝန်ထမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် တပ်မတော်သား  
အများအပြားပါရှိနေသည့်အတွက် အဆိုပါတပ်မတော်သားများ၏ တာ  
ဝန်ထမ်းဆောင်ခဲ့သည်များကို စာနာ ထောက်ထား၍ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် 
 အမိန့်များဆက် လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံ တော်သမ္မတအား ပြည်သူ့လွှတ်  
တော်က မေတ္တာရပ်ခံကြောင်းအဆို ကို ထောက်ခံဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး
  ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ  
ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ  
ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ  
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက်  
ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို  
နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့သည်။
ယင်းကြောင့်
  အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် 
ပြည်  သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ  
ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့်
  မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့သည်။
via Eleven Media Group










No comments:
Post a Comment