မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း
အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး
လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် အမျိုးသား ပြန်လည်
သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊
ရှိနာဂါဝါ၊ မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ)
အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ
ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့
ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း
မေတ္တာပို့သပေးခဲ့ကြပြီးနောက် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့မှ
အမှာစကား ပြောသွားခဲ့ကြပါသည်။ ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ ဒီပဲယင်း
ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ပေးဖို့နဲ့ မတရား အဖမ်းဆီးခံ နေကြရသော နိုင်ငံရေး
အကျဉ်းသားများ အားလုံး ချက်ခြင်း လွတ်ပေးရန် တောင်းဆို သွားခဲ့ကြကြောင်း
သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ
၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
No comments:
Post a Comment