Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, August 19, 2011

DKBA မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲမယ်

August 18, 2011,

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့ဟာ လာမယ့် ပွင့်လင်း ရာသီမှာ မြန်မာအစိုးရ တပ်တွေရဲ့ ထိုးစစ်တွေကို တန်ပြန် ထိုးစစ် ဆင်နိုင်ဖို့ ကရင်ပြည်နယ် အတွင်းမှာ မြို့တွင်း တိုက်ပွဲတွေ ဆင်နွဲသွားမယ်လို့ ဒီလ ၁၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ တပ်မှူးများ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ဆင်ရေးမှူး တဦးဖြစ်တဲ့ စောဆန်းအောင်က ဧရာဝတီကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ DKBA တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးနဲ့ တပ်မှူးတွေအားလုံး တက်ရောက်ခဲ့ကြပြီး သူတို့အဓိက ထိုးစစ်ဆင်မှာကတော့ ကော့ကရိတ်၊ မြ၀တီနဲ့ လှိုင်းဘွဲမြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ ပြောတာကတော့ မြန်မာ အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်း သရွှေ့ ဆက်လက် တိုက်ပွဲ ၀င်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ DKBA တပ်မဟာ ၅ မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရခိုင်လူငယ် တပ်ဖွဲ့ ၀င်တွေ ပူးပေါင်း တိုက်ပွဲဝင် နေတယ်လို့လည်း ဗိုလ်မှူး ဆန်းအောင်က ပြောပါတယ်။

သတင်းရင်းမြစ် -- ဧရာဝတီ

No comments:

Post a Comment