Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲတက်

August 20, 2011 ,

မြန်မာ အစိုးရရုံးစိုက်ရာ နေပြည်တော်မြို့သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည့် ယနေ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်ဟု နေပြည်တော်မှ လာသည့် ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ၏ အကြံပေးသူ ဖြစ်သည့် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်မှ ကြိုဆို နှုတ်ဆက်ကာ နေရာချထား ပေးသည်။ သမ္မတ မိန့်ခွန်း
နယ်စပ်ဒေသ နှင့်တိုင်း ရင်းသား လူမျိုးများ ဖွံ့ ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှုးချုပ် သိန်းဌေး နှင့် ဒေါ်အောင်ဆန်းစုကြည် စကား လက်ဆုံ
 
ခန်းမတွင်း ၀င်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက် လာသူအားလုံးက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက် ကြသည်။ FNG မှ ထိုဆွေးနွေးပွဲသို့ တက်ရောက် လာသည့် လုပ်ငန်းရှင် တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်ရာ သူက အတိုချုံး၍ ” အန်တီ ၀င်လာတော့ မီးကို ရေနဲ့  ငြိမ်းလိုက်သလိုပဲ အားလုံး ပျော်ကြတယ် ” ဟု တိုတို တုတ်တုတ် ပြောကြာ သွားသည်။
သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်
ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်၊ စစ်ဘက် အရာရှိများ ၊ ၀န်ကြီးများ ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးဇော်ဇော်၊ ဦး ထွန်းမြင့်နိုင် (စတီဗင် လော) ၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းအောင်၊ ဇေကမ္ဘာ ဦးခင်ရွှေတို့မှ ခရီးဦးကြို ပြုကြသည်။
နေပြည်တော်တွင် ကျင်းပသည့် Macro Economic Reform Workshop စီးပွါးရေး အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေတွင် ရန်ကုန်မြို့  နေအိမ်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ ယမန်နေ့က ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ရခြင်းသည် အားရစရာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနသို့ ပြောကြားသည်။
Copy from - freedomnewsgroup.com

No comments:

Post a Comment