ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး
August 26, 2011 ။
နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက်ကနေ ခုအစိုးရအထိ 
ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး 
တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ 
တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် 
တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။ 
တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။ 
“အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့်ရှိတဲ့ 
ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး 
အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို 
ချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင်ခဲ့တယ်။” 
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်လို့
 ကြေညာပေမယ့် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ 
ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲ ဖော်နိုင်အောင် ခုလို ပူးပေါင်း 
ဆွေးနွေး ရတာလို့ ဒီကေဘီအေက သတင်း ထုတ်ပြန်ပါတယ်။ “
တနေ့နေ့ တချိန်ချိန်မှာ အာဏာရှင် စစ်အစိုးရက ကျနော်တို့ 
တိုင်းရင်းသားတွေကို ကျုပင်ခုတ် ကျုငုတ် မကျန်တဲ့ နည်းတွေနဲ့ 
ရက်စက်ဦးမယ်ဆိုရင် ကျနော်တို့ အက်စ်အက်စ်အေနဲ့ တကွ ကျန်တဲ့ တိုင်းရင်းသား 
အသီးသီးလည်း မြို့တွင်း တိုက်ပွဲတို့ တောင်တန်းဒေသ သူတို့ရဲ့ ထိုးစစ်တွေကို
 နည်းအမျိုးမျိုးနဲ့ ခုခံ တိုက်ခိုက်မယ်။ ကျန်တာတွေလည်း ခံစစ်အသေ 
မဟုတ်ဘဲနဲ့ ထိုးစစ်နဲ့ ဆက်လက် တိုက်ဖို့ ကျနော်တို့ တိုင်ပင် 
ညှိနှိုင်းကြတယ်။”
အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒီနှစ်အတွင်း တဖွဲ့တည်း ပြန်လည် 
ပေါင်းစည်း ခဲ့ပါတယ်။ ကေအန်ယူ (ကရင်အမျိုးသား အစည်းအရုံး)ကနေ 
ခွဲထွက်လာခဲ့တဲ့ ဒီကေဘီအေ ကတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ
 ခဲ့ပေမယ့် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို 
လက်မခံနိုင်လို့ တိုက်ပွဲ ပြန်ဝင်လာခဲ့တာပါ။ 
သတင်းရင်းမြစ် - ဒီဗီဘီ











No comments:
Post a Comment